သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပို့ကုန် ၃၀% တိုး


ထိုင်းပို့ကုန် ၃၀% တိုး

ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ အရင်လတုန်းက ၃၀ ရာခိုင်နှုန်း မြင့်တက်သွားပြီး အမြင့်ဆုံးအဖြစ် စံချိန်တင် သွားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ မတ်လအတွင်းမှာ ပို့ကုန်တန်ဖိုး ဒေါ်လာ သန်း ၂၁,၃၀၀ ရှိတယ်လို့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ အစီရင်ခံသွားပြီး ၂၀၁၀ မတ်လတုန်းကတော့ ဒေါ်လာ သန်း ၁၆,၀၀၀ ကျော်ဖိုးပဲ တင်ပို့ခဲ့တာပါ။

တကမ္ဘာလုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ နှစ်ကြာလာတဲ့အခါမှာ ကမ္ဘာ့စီးပွားရေး တိုးချဲ့မှု ကြောင့်ရော၊ ထိုင်းရဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး ထွက်ကုန်တွေရဲ့ ဈေးနှုန်းမြင့်တက်မှုကြောင့်ရော အခုလိုမျိုး ပို့ကုန်တန်ဖိုး မြင့်တက်တာလို့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။

အလားတူပဲ လောင်စာဆီဈေးနှုန်း မြင့်တက်တာကြောင့် မတ်လ သွင်းကုန်တန်ဖိုး မြင့်တက်ရပြီးတော့ မနှစ်က မတ်လသွင်းကုန် ဒေါ်လာ သန်း ၂၅,၉၀၀ ဖိုးကနေ ဒီနှစ် ၂၈% မြင့်တက်သွားပါတယ်။ မတ်လအတွက် ကုန်သွယ်ရေး လိုငွေပြမှုကတော့ ဒေါ်လာသန်း ၁,၈၀၀ နဲ့ ညီနေပါတယ်။

ထိုင်းနိုင်ငံရဲ့ ပို့ကုန်ဟာ ဒီနှစ်အစပိုင်းကတည်းက အားကောင်းကောင်းနဲ့ မြင့်တက်လာနေခဲ့ပြီး ပထမ ၃လ ပတ်မှာ စုစုပေါင်း ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၅၇,၀၀၀ နီးပါး ရှိခဲ့တာမို့ မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်ရင် ၂၈% မြင့်တက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG