သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗီဇာအတုနဲ့ ထိုင်းနိုင်ငံဝင်ရောက်တဲ့ မြန်မာအချို့ ဖမ်းဆီးခံရ


ထိုင်းဗီဇာ

ထိုင်းနိုင်ငံထဲကိုအလုပ်လာလုပ်ကြတဲ့သူတွေ အလည်အပတ်လာကြသူတွေဟာ ထိုင်းဗီဇာအတုတွေလုပ်ပြီး ၀င်ရောက်လာတဲ့အတွက် မြန်မာနိုင်ငံသား ၉၇ယောက်ကို ဇွန်လနဲ့ ဇူလိုင်လထဲမှာ ဖမ်းဆီမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ဒီအတွက်ရန်ကုန်ကနေ ဗီဇာအတုလုပ်နေသူတွေကို ဖော်ထုတ်သွားမယ်လို့ လည်းဆိုပါတယ် မြန်မာသံရုံးကတော့ ပွဲစားတွေလုပ်ပေးတဲ့ ဗီဇာအတုတွေနဲ့ မြန်မာတွေ ထိုင်းကို လာတာတွေမှန်ကန်ကြောင်းအတည်ပြုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ်လုပ်ကိုင်ဖို့ အတွက် ၀င်ရောက်လာသူတွေဟာ သူတို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်မှာ ထိုင်းကို ၀င်ရောက်ခွင့်ရတဲ့ ဗီဇာတုံးအတု တွေ ဖြစ်တယ်ဆိုတာကို ဖမ်းဆီးခံရပြိဆိုမှ သိရှိခဲ့တာပါ။ ဗီဇာရဖို့အတွက်ကိုယ့်ဟာကိုယ် သာလျောက်တဲ့အခါမှာခက်ခဲတာကြောင့် ပွဲစားတွေကနေ တဆင့်လျောက်ကြသူများပါတယ်။ အဲဒီ အခါမှာ ဗီဇာတုံးတွေဟာ အတုဖြစ်တာကြောင့် နယ်စပ်အ၀င်တွေမှ ထိုင်းလေဆိပ်အ၀င်တွေမှာ ဖမ်းဆီးခံခဲ့ရတာပါ လူ၁၀၀နီးပါးလောက်ဖမ်းဆီးခံနေရတာမှန်ကန်ကြောင်းဒီကိစ အရေးယူဆောင်ရွက်နိုင်ဖို့ ထိုင်းနဲ့မြန်မာဆွေးနွေးမူတွေလုပ်နေတယ်လို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဦးအောင်မင်းကဆိုပါတယ်။

"ကျနော်တို ဟိုတလောကတောမောလေ မဲဆောက်တောမောရဲ့ ပြောပြချက်အရလည်းအဲဒီလောက်ပါပဲ ဒီဟာနဲ့ပတ်သက်ပြိးထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာအစိုးရနည်းပညာ၇ှင်များအစည်းအဝေးမှာအလုပ်သမားနဲံဆိုင်တဲ့အစည်းဝေးမှာ ဘယ်လိုလုပ်ကြမလဲပေါ့အသွားတုန်းကမမိ အပြန်မှာ မိတဲ့ကိစတွေ ပြိးတော့အခုလို့ အတုလုပ်တဲံကိစ္စတွေကိုဘယ်လိုလုပ်ကြမလဲဆွေးနွေးကြတယ် ကျနော်တို့မြန်မာနိုင်ငံနဲ့ထိုင်းတွေကိုချိတ်ဆက်ပြိး လူပွဲစားတွေကို ဖမ်းထားတယ်ခင်ဗျ မိထားတာလည်းအတော်များများရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲတို့ လူကုန်တားတို့နဲ့ ပူးပေါင်းပြိးဆောင်၇ွက်လျက်ရှိပါတယ်"

ရန်ကုန်မြို့  ထိုင်းသံရုံးအနီးမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ဗီဇာပွဲစားတွေဟာတရားမ၀င်နည်းနဲ့  နိုင်ငံကူးလက်မှတ်တွေပေါ်မှာ ဗီဇာအတု
နဲ့  သက်ဆိုင်ရာ တာဝန်ရှိသူ လက်မှတ်အတုတွေ ကို အခကြေးငွေယူပြီး
လုပ်ပေးနေ တာဖြစ်ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံး သံအမတ် Mr. Chak Boonlong ချပ် ဘွန်လောင် ကပြောဆိုတဲ့ရုပ်သံမှတ်တမ်းကိုထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။

ရဲဗိုလ်ချုပ် Suthipong Pong ထုတ်ဖေါ်ပြောဆိုသွားတာကတော့
ဇွန်လ တရက်နေ့ ကနေ ဇူလိုင် ၃၁ရက်နေ့  အထိ ဗီဇာအတုနဲ့  ထိုင်းနိုင်ငံအတွင်း ၀င်ရောက်တဲ့ မြန်မာနိုင်ငံသား ၉ ၇ ဦးကို စစ်ဆေးအရေးယူခဲ့
ပြီးဖြစ်ကြောင်း ၊ပြောဆိုပါတယ် ၀င်ရောက်လာသူတွေဟာ အလည်အပတ်ဗီဇာအတုတွေနဲ့  ပွဲစားတွေက ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်၊ တဦးကို ဗီဇာအမြန်ကြေး ကျပ် ၂၆၀၀၀၀ (ဘတ်၆၀၀၀) ပေးပြီး လုပ်လာကြတာလို့  ဆိုပါတယ်။

ထိုင်းလ၀က နဲ့  ရဲ တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့  နယ်စပ်စစ်ဆေးရေးဂိတ်တွေပါ အထူးကြပ်မှတ်စစ်ဆေးဖို့  ညွှန်ကြားထားပြီးဖြစ်ဖြစ်ကြောင်း ရဲဗိုလိချုပ် ဆူတိဖုန်းက ပြောဆိုသွားပါတယ်။

အခုရက်ပိုင်းအတွင်း ဇူလိုင်လ ၂၉ ရက်နေ့ မှာ လေကြောင်းနဲ့  ၀င်ရောက်လာသူ မြန်မာနိုင်ငံသူမကေခိုင်ဦးဆိုသူအမျိုးသမီးတဦးကိုဗီဇာအတုကိုင်ဆောင်မူနဲ့  ဖမ်းဆီးခဲ့ရာမှာ ဒီအမျိုးသမီးဟာ ရဲ့  ထိုင်းဝင်ခွင့်ဗီဇာ အမြန်ရဘို့  ပန်းသီး ခရီးသွား ကုပဏီကလုပ်ပေးခဲ့တာလို့  ၀န်ခံခဲ့ကြောင်းသြဂုတ်လ ၁ရက်နေ့ ကလည်း ထိုင်းလာအိုနယ်စပ်မှာ မြန်မာနိုင်ငံသား အသက် ၃၇နှစ်အရွယ်Sai Thura Kyaw စိုင်းသူရကျော်ု ဗီဇာအတုကိုင်ဆောင်မှုနဲ့  ဖမ်းဆီးလိုက်တယ်လိုလည်ထိုင်းသတင်းမှာဖော်ပြပါတယ်ထိုင်ုးမြန်မာနယ်စပ် တာခ်
ပြည်နယ် အတွင်းက ထိုင်းလူမျိုးပွဲစားတဦးတဦးကို ဗီဇာတုံးထုခအဖြစ် ဘတ်ငွေ ၂၅၀၀၀ ပေးခဲ့ကြောင်း စိုင်းသူရကျော်က ၀န်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေအတွက် ခုလို ထိုင်းဗီဇာ အတုအပ လုပ်သူ ၊ ကိုင်ဆောင်ထားသူတွေဟာ ထောင်ဒဏ် တနှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာဖြစ်ပြီး ငွေဒဏ် ၂၀၀၀၀ ကနေဘတ်ငွေ နှစ်သိန်းအထိ ကျခံရမှာဖြစ်တယ်လို ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG