သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရုပ်ရှင်ဇာတ်ကား ကိန်းရုပ်ရှင်ပွဲတော်မှာ ဆုရ

ပြင်သစ်နိုင်ငံက ကိန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ထိုင်းနိုင်ငံက ခပ်ဆန်းဆန်းအမည်နဲ့ ထူးထူးခြားခြား ဇာတ်ကားတကားက အကောင်းဆုံးခုကို ဆွတ်ခူးရရှိသွားပါတယ်။

“အတိတ်ကို ပြန်ကြည့်နိုင်တဲ့ ဦးလေးကြီး” Boonmee လို့ အမည်ပေးထားတဲ့ ထိုင်း ရုပ်ရှင်ဇာတ်ကားကို အကဲဖြတ်အဖွဲ့က ရွှေထန်းရွက်ဆုတံဆိပ် ပေးအပ်လိုက်တာပါ။

ဒီဇာတ်ကားဟာဆိုရင် သေခါနီးဆဲဆဲ လူတယောက်က ဝိညာဉ်တွေ၊ မျောက်တွေ၊ ပိုးကောင်တွေနဲ့ ငါးခူတွေကို မြင်ရတဲ့အကြောင်း အဆန်းတကြယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုရိုက်ကူးသူ ထိုင်းနိုင်ငံသား ဒါရိုက်တာ အပီချက်ဖွန် ဝီရာဆက်သကူးကတော့ ပြင်သစ်နိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ဆုရရှိအောင် ဆောင်ကျဉ်းပေးနိုင်တဲ့ ထိုင်းနိုင်ငံက ဝိညာဉ်တွေ၊ တစ္ဆေတွေကို ကျေးဇူးတင်ပါကြောင်း ဆုလက်ခံရရှိချိန်မှာ ပြောဆိုခဲ့တာပါ။

ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Grand Prix ဆုကိုတော့ ပြင်သစ်နိုင်ငံကဒါရိုက်တာ Xavier Beauvois ရဲ့ Of Gods and Men ဇာတ်ကားက ရရှိခဲ့တာပါ။ ဒီဇာတ်ကားကိုတော့ ၁၉၉၆ ခုနှစ်က အယ်လ်ဂျီးရီးယားနိုင်ငံက ပြည်တွင်းစစ်ပွဲမှာ ပြင်သစ်ဘုန်းတော်ကြီး ၇ ပါး ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

တတိယအကောင်းဆုံး ဇာတ်ကားဆုကိုတော့ ချာ့ဒ်နိုင်ငံက ဒါရိုက်တာ Mahamat-Saleh Haroun ရဲ့ A Screaming Man ဇာတ်ကားက ရရှိခဲ့ပြီး ဇာတ်ညွှန်းဆုကိုတော့ တောင်ကိုရီး ယားနိုင်ငံက Lee Chang-dong က သူ့ရဲ့ Poetry ဇာတ်ကားအတွက် ရရှိသွားပါတယ်။

အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ပြင်သစ်နိုင်ငံက Mathieu Amalric က ရရှိခဲ့တာပါ။ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကိုတော့ ပြင်သစ်က Javier Bardem နဲ့ Elio Germano တို့ ပူးတွဲရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ အီရန် ဒါရိုက်တာဖြစ်တဲ့ Abbas Kiarostami ရဲ့ Certified Copy ဆိုတဲ့ဇာတ်ကားမှာ မင်းသမီး Juliette Binoche က ဆွတ်ခူးရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG