သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖယာမြစ်ရေလျှံ၊ ထိုင်းသမိုင်းဝင်ဘုရားပျက်စီး


ရေမြုပ်နေတဲ့ အယုဒ္ဒယက ဘုရားများ။
ရေမြုပ်နေတဲ့ အယုဒ္ဒယက ဘုရားများ။

ထိုင်းနိုင်ငံအတွင်း ကျောက်ဖယာမြစ်ရေလျှံတက်လာတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်း တည်ထားခဲ့တဲ့ ဆင်းတုတော် ရေနစ်မြုပ်သွားတာကြောင့် အဲဒီအထဲက ရေတွေ စုပ်ထုတ်ပြီး ပြန်လည် ပြုပြင်နိုင်ဖို့ အလုပ်သမားတွေ ကြိုးစားနေကြပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီ Wat Chai Watthanaram ဘုန်းကြီးကျောင်းထဲက ဆင်းတုတော် ပတ်ပတ်လည်မှာ ရေတွေ ၂ မီတာလောက်အထိ တက်လာခဲ့တာပါ။ အဲဒီ ဘုန်းကြီးကျောင်းနဲ့ ဆင်းတုတော် တည်ရှိတဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်းက အယုဒ္ဓယဒေသမှာ ရေကြီးမှုတွေ ဖြစ်နေတာကြောင့် ဒေသခံ ရာပေါင်းများစွာလည်း ဘေးလွတ်ရာကို ပြောင်းရွေ့ နေထိုင်နေကြရပါတယ်။

ထိုင်းနိုင်ငံအတွင်း နှစ်လကျော်လောက် မိုးတွေဆက်တိုက်ရွာနေခဲ့တာကြောင့် လူပေါင်း ၂၃၇ ယောက် အနည်းဆုံး သေဆုံးခဲ့ပြီး ခရိုင်ပေါင်း ဒါဇင်ကျော်လည်း ရေနစ်မြုပ်နေတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး မိုးတွေ စတင် ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG