အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထိုင်းနိုင်ငံ ရေဘေး ဒုက္ခအတွက် ကြီးကြီး မားမား ကူညီပေးမယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ အရှေ့တောင် အာရှ နိုင်ငံနိုင်ငံတွေရဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို အသွား ထိုင်းနိုင်ငံကို ဒီကနေ့ ၀င်ရောက်စဉ်မှာ ဒီအကူအညီပေးဖို့ အသင့်ရှိနေတာကို ကြေငြာမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်း သံတမံတဦးအနေနဲ့ ထိုင်းနိုင်ငံ ရေကြီးနေတဲ့ ဒေသတွေကိုလည်း သွားကြည့်မှာ ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ရင်းလပ် ရှင်နာဝပ်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဝန်ကြီး ကလင်တန်ရဲ့ ဒီခရီးစဉ်ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ လက်ရှိ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့လဲ ကြုံကြိုက်နေပါတယ်။
အတွင်းရေးမှူး ဘန်ကီမွန်းကလည်း ထိုင်းဝန်ကြီးချုပ်နဲ့အတူ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ထိုင်းအစိုးရရဲ့ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၀ိုင်းကူပေးဖို့ အသင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။
ထိုင်းအစိုးရ အရာရှိတွေကတော့ ထိုင်းရေကြီးမှုဟာ မှန်မှန် ပြန်ကျလာနေပြီး ဘန်ကောက်မြို့ ဘန်ကောက်မြို့မှာတော့ နှစ်ပတ်အတွင်း ရေတွေ ပြန်ကျသွားမယ်၊ အမြန်ဆုံး လမ်းပန်းဆက်သွယ်ရေး အဆောက်အဦးတွေကို ပြန်လည် ပြင်ဆင်ပေးမယ်လို့ ပြောဆိုနေပါတယ်။