သုံးရလွယ်ကူစေသည့် Link များ

ထိုင်းတောင်ပိုင်းရှစ်ခရိုင် ဘေးအန္တရာယ်ဇုံအဖြစ် ကြေညာ

  • ဗွီအိုအေ (မြန်မာဌာန)

ရေလွှမ်းမိုးဖွယ်ရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လာမယ့်ရက်ပိုင်းတွေအတွင်း မိုးကလျှော့မယ့်ပုံမရှိဘဲ တောင်ပိုင်းက အနည်းဆုံး ပြည်နယ် ၇ ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ ဒီကနေ့ သတိပေးချက်ထုတ်ပြန်သွားပါတယ်။ ပတ္တလောင်၊ စံခရ၊ ပတ္တနီ၊ ရာလာနဲ့ နာရသီဝပ်ခရိုင်တွေမှာ မိုးက ပိုကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းချက်ထုတ်ထားတာပါ။

နိုင်ငံတောင်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့မှာ မုတ်သုန်မိုးရွာသွန်းတာကြောင့် ဒီဇင်ဘာ ၂၈ နဲ့ ဇန်နဝါရီ ၁ ရက်အကြားမှာ မိုးက ပိုပြင်းထန်လာမယ်လို့ ပြောသွားပါတယ်။ ရာလာခရိုင်မှာတော့ တာတမံတွေ ထပ်တုပ်ပြီး ရေတက်လာမယ့်အရေးအတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။

မလေးရှားနိုင်ငံနဲ့ဆက်နေတဲ့ ဆူနိုင်ကလုတ် မြစ်ရေတက်လာတဲ့အတွက်ကြောင့် နာရသီဝပ်ခရိုင်မှာ ရေလွှမ်းမိုးမှုအခြေအနေ စောင့်ကြည့်နေဖို့ အာဏာ ပိုင်တွေက ညွှန်ကြားထားပါတယ်။ ထိုင်းတောင်ပိုင်းက ခရိုင် (၈) ခုကို ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ဒေသတွေအဖြစ် ထိုင်းရဲ့ ဘေးဒုက္ခ ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက သောကြာနေ့ကပဲ ကြေညာခဲ့ပါတယ်။ ထိုင်းရေဘေးကြောင့် လူ ၁၃ ဦးမက သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားပါပြီ။ အိမ်ထောင်စု ပေါင်း (၂၀၀,၀၀၀) ရေဘေးကြုံတွေ့နေရပြီး အိမ်ထောင်စု ရှစ်ထောင်လောက် အိုးအိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG