သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေဘေး အတိုက်အခံများပါ ပူးပေါင်း ကာကွယ်ဖို့လိုအပ်

Thai Flood Volunteers Unload Sandbags in Front of Flooded Temple at North Edge of Bangkok
Thai Flood Volunteers Unload Sandbags in Front of Flooded Temple at North Edge of Bangkok

ဘန်ကောက်မြို့တော်မှာ ရေကြီးတာနဲ့ မကြုံရအောင် စစ်သားတွေနဲ့ အလုပ်သမားတွေက အတားအဆီးတွေ ချပြီး ကြိုးစားလုပ် ဆောင်နေကြတာနဲ့အမျှ နိုင်ငံရေး အင်အားစုအားလုံး ညီညွတ်ကြဖို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က နှိုးဆော်လိုက်ပါတယ်။

မြို့တော်ရဲ့မြောက်ဘက်က စက်မှုဇုန်တွေနဲ့ လူနေရပ်ကွက်တွေကို ကာကွယ်ထားတဲ့ အတားအဆီးတွေမှာ စစ်သားနဲ့ လုပ်အားပေး ရာပေါင်းများစွာတို့က သဲအိတ်တွေ ဒီကနေ့ ချနေကြပါတယ်။ အတားအဆီး အကာအရံတွေ ချထားတာမှာ ရှုပ်ထွေး မှုတွေကြောင့် ဘယ်ခရိုင်တွေမှာ ရေကြီးနိုင်တယ်ဆိုတာကို အစိုးရက သတိပေး ကြေညာထားပါတယ်။

လူနေရပ်ကွက်တခုက ရေဆိုးစွန့်ပစ်တဲ့ ရေကန်ငယ်လေးဟာ အန္တရာယ်ရှိနေတယ်လို့ စစ်ဗိုလ်တယောက်က ပြောပါတယ်။ တကယ်လို့ ရေကန်လေးမှာ ရေလျှံသွားရင် ရေဆိုးတွေ စက်ရုံတွေဆီ စီးသွားလိမ့်မယ်လို့ သူကဆိုပါတယ်။

ရေဘေးဒဏ်သင့် ဒေသတွေကို ဒီကနေ့မှာ မစ္စယင်းလပ်က ရဟတ်ယာဉ်နဲ့လှည့်လည် ကြည့်ရှုခဲ့ပြီးတဲ့နောက် ဒီအကျပ်အတည်းကို သူတယောက်ထဲ မကိုင်တွယ်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နိုင်ငံရေးကို ဘေးဖယ်ထားပြီး လူထုရဲ့ စိတ်ဓာတ်ခွန်အားကို ပြန်တည်ဆောက်နိုင်ဖို့ သူ့အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပါလို့ အတိုက်အခံနိုင်ငံရေးပါတီတွေကို ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

This item is part of
XS
SM
MD
LG