သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ မတ်လကုန်ကျင်းပမည်


၂၀၁၄၊ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမြင်ကွင်း။
၂၀၁၄၊ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမြင်ကွင်း။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါး ကြာတဲ့အချိန်မှာ လာမယ့် မတ်လကုန် ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို စစ်တပ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားခဲ့တဲ့ အတွက် တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေ ထောင်ကျနိုင်တဲ့ အခွင့်အလမ်း ပိုများလာတာနဲ့အမျှ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလာကြပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ပြီးဖြစ်ကြောင်း ထိုင်း ရွေးကောက်ပွဲ ကော်မတီ ဥက္ကဋ္ဌ Ittiporn Boonpracong က ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပေမယ့် မေလမှာ ကျင်းပ မယ့် ဘုရင် မဟာဝဇီယာ လောင်ကွန်းရဲ့ နန်းတက်ပွဲနဲ့ တိုက်နေမှာ စိုးရိမ်တဲ့ အတွက် ရွေးကောက်ပွဲကို ၆ ကြိမ်မြောက် ရွှေ့ဆိုင်းလိုက်တဲ့အပေါ် ပြည်သူတွေက ဒေါသထွက် ခဲ့ကြပါတယ်။ ရွေးကောက်ပွဲနေ့ကို နောက်ဆုတ်လိုက်တာ ကမှ နန်းတက်ပွဲနဲ့ ပိုတောင် နီးကပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် အစိုးရပေးတဲ့ ဆင်ခြေအပေါ် ပြည်သူတွေ ဘဝင်မကျ ဖြစ်ခဲ့ကြတာပါ။

နန်းတက်ပွဲမတိုင်ခင် ကျင်းပမယ့် ရွေးကောက်ပွဲရက်ကို ဗုဒ္ဓဟူးနေ့က ကြေညာပြီးပြီးချင်း မှာပဲ တော်ဝင် မိသားစုကို ထောက်ခံသူတစုက ရွေးကောက်ပွဲကော်မရှင်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာလတုန်းက တနိုင်လုံးဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေ တားမြစ်ချက်ချထားတာတွေကို စစ်အစိုးရက လျှော့ပေါ့ပေးလိုက်ပြီး ကတည်းက နိုင်ငံရေးလမ်းပွင့်လာတဲ့အခြေအနေမှာ ပါတီငယ်တွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါတယ်။

Yingluck Shinawatra ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ၂၀၁၄ မှာ ဝန်ကြီးချုပ် Prayut Chan-o-cha က သိမ်းယူလိုက်ပြီးနောက်ပိုင်းမှာ ကျင်းပမယ့် ဒီမိုကရက်တစ် ရွေးကောက်ပွဲလည်း ဖြစ်မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG