သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်မှု စီရင်ချက်ကြောင့် ထိုင်းမှာ လုံခြုံရေး တင်းကျပ်

1/14
အသေးစိတ် ဖတ်ရှုရန် Show less
2/14
အသေးစိတ် ဖတ်ရှုရန် Show less
3/14
အသေးစိတ် ဖတ်ရှုရန် Show less
4/14
အသေးစိတ် ဖတ်ရှုရန် Show less
5/14
အသေးစိတ် ဖတ်ရှုရန် Show less
6/14
အသေးစိတ် ဖတ်ရှုရန် Show less
7/14
အသေးစိတ် ဖတ်ရှုရန် Show less
8/14
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
9/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
10/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
11/14
အသေးစိတ် ဖတ်ရှုရန် Show less
The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
12/14 The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
အသေးစိတ် ဖတ်ရှုရန် Show less
13/14
အသေးစိတ် ဖတ်ရှုရန် Show less
14/14
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားနှစ်ဦး အသတ်ခံရမှု အတွက် မြန်မာနိုင်ငံသားနှစ်ဦး ကို ထိုင်းတရားရုံးက သေဒဏ်စီရင်ချက် ချမှတ်လိုက်တဲ့ အတွက် ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာက ထိုင်းနိုင်ငံတွင်း လုံခြုံရေး တင်းကျပ်မှုတချို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်တွေက စုံစမ်းမေးမြန်းမှုတွေ ရှိနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် က ဖြစ်ခဲ့တဲ့ လူသတ်မှု အတွက် မြန်မာလူငယ်နှစ် ဦးကို သေဒဏ် အပြစ်ပေး လိုက်ပြီးနောက် မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံ တချို့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြ ကန့်ကွက်မှုတွေ ထွက်ပေါ်လာရာက ထိုင်းအာဏာပိုင်တွေကလည်း လုံခြုံရေးကို သတိထား တင်းကြပ်လာခဲ့တာပါ။

မြန်မာနိုင်ငံသား သန်းနဲ့ချိၤ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာလည်း ဆန္ဒပြမယ် ဆိုတဲ့ သတင်းကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်သလို၊ ထိုင်းနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ ဆန္ဒပြ စုဝေးရင် ဖမ်းဆီးအရေးယူမှာ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ ရဲ့ ပြောဆိုချက် ကို ကိုးကားပြီးတော့လည်း ထိုင်းရုပ်မြင်သံကြား သတင်းတွေမှာ ထုတ်လွှင့်နေပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာလူငယ်တွေအရေး လိုက်ပါကူညီဆာင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးပြောပြတာက ဆန္ဒပြမူတွေ လုပ်မှာကိုစိုးရိမ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေဘက်က မေးမြန်းမူတွေရှိနေတယ်လို့ အခုလိုပြောပါတယ်။

" ကျနော်တို့ဆီကိုတော့ ထိုင်းစစ်ဘက်ဆိုင်ရာက တာဝန်ရှိသူတွေက မကြာခဏ ဆက်သွယ်ပြီးတော့ မေးမြန်းနေပါတယ်။ မင်းတို့ ဆန္ဒပြဖို့ အစီအစဉ်ရှိလား၊ ဘာလား။ ညာလားပေါ့။ အဲ့လိုမျိုးတွေပေါ့။ ကျနော်တို့ကတော့ ဒီအစီအစဉ် မရှိပါဘူးပေါ့ အဲ့လိုပြန်ပြောတယ်။ ကျနော်တို့က ဒီဥပဒေကြောင်း အရ လုပ်ရမယ့်ဟာတွေကိုပဲ ဝိုင်းပြီးတော့ လုပ်ရမယ်ဆိုတဲ့ အကြောင်းအရာမျိုးပေါ့။ အဲ့တာမျိုးတွေ ပြန်ပြောဖြစ်ပါတယ်။ ခွင့်ပြုမယ့်အခြေအနေမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ နောက် ဒီဟာက သူတို့အတွက်လည်း ထိလွယ် ရှလွယ်ဖြစ်နေတဲ့ကိစ္စဖြစ်နေတဲ့အခါကျတော့လေ။"

ဒီကနေ့ မှာတော့ မြန်မာနိုင်ငံသားများ အများစု အလုပ်လုပ်ကိုင် ရာနေရာတွေက အဝင်အထွက် ဂိတ်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့စည်ကားရာနေရာတွေ မှာတော့ လုံခြုံရေး တပ်ဖွဲ့များက စောင့်ကြည့်မှုတွေ ရှိနေပြီး ဆန္ဒပြပွဲတွေ မဖြစ်အောင် လုပ်ဆောင်နေပါတယ်။ အလားတူ ထိုင်းမြန်မာနယ်စပ်မှာလည်း လုံခြုံရေး တိုးမြှင့်ချထားမူတွေ ရှိနေပါတယ်။

လိပ်ကျွန်းအရေးနဲ့ ပတ်သက်လို့ မြန်မာ လူငယ်တွေကို ဥပဒေကြောင်းအရ အကူညီပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဦးအောင်ဆန်းဦး ကတော့ ဆန္ဒပြမူတွေ လုပ်မယ့် အစား တခြားနည်းလမ်းတွေနဲ့
လုပ်ဆောင် သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

" ကျနော်တို့က ဆန္ဒပြရင်တော့ သေချာတယ်ခင်ဗျ။ ဒီတခါ သံရုံးမှာလည်း ဆန္ဒမပြဘူး။ အစိုးရရုံးမှာလည်း ဆန္ဒ သွားမပြဘူး။ ဒီလိုမျိုး ဆန္ဒပြမယ်ဆို အလုပ်သမားတွေ အကုန်လုံး ညီညွတ်အောင် ညှိနှိုင်းထားတယ် အားလုံး အလုပ်မလုပ်ဘူး။ အလုပ်မလုပ်လို့ ပြန်လွှတ်မယ်ဆို အားလုံးက မြန်မာပြည်ပြန်ဖို့ အဆင်သင့်ပြင်ထားတယ်ခင်ဗျ။ အဲ့ဒီ့နည်းနဲ့ပဲ ကျနော်တို့ ဆန္ဒပြမယ်။ ကျန်တဲ့နည်းက ထိရောက်မှု မရှိနိုင်ဘူးလေ။ ကျျနော်တို့ဆန္ဒပြတဲ့နည်းက သူတို့စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားမှ ဆန္ဒပြပတာ ထိရောက်မှာ။"

ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးကတော့ မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ ထိုင်းနိုင်ငံ သားတွေအနေနဲ့ မိမိတို့ ထိုင်းနိုင်ငံသားဖြစ်ကြောင်း မြန်မာပြည်သူများကြား မှာ ထုတ်ဖေါ်ပြောဆိုခြင်း မပြု ကြဖို့နဲ့ သက်ဆိုင်ရာ သံရုံးကို အဆက်သွယ် မပြတ်ကြဖို့ မနေ့တုန်းကပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနှစ်ဦး သေဒဏ်ပေးခဲ့တာဟာ တရားရုံးက ဆုံးဖြတ်ချက် သာဖြစ်ပြီး
-နှစ်နိုင်ငံ ဆက်ဆံရေး ကို ထိခိုက်မှာ မဟုတ်တဲ့အကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နဲ့ ပြည်တွင်းလုံခြုံရေး တာဝန်ယူထားတဲ့ ဗိုလ်ချုပ် ပရာဝတ် ဝမ်စဝမ် ကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

XS
SM
MD
LG