သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာမှာ ထိုင်း ကြားဖြတ်အစိုးရ ဖွဲ့မည်


ထိုင်းစစ်အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး Prayuth Chan-ocha နဲ့ တာဝန်ရှိသူများ အစည်းအဝေး ကျင်းပ။
ထိုင်းစစ်အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး Prayuth Chan-ocha နဲ့ တာဝန်ရှိသူများ အစည်းအဝေး ကျင်းပ။
ထိုင်းစစ်အာဏာသိမ်း အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ယာယီ အစိုးရတရပ် ဖွဲ့စည်းဖို့ အချိန်သတ်မှတ် ကြေညာလိုက်ပါတယ်။ ယာယီ အစိုးရအဖွဲ့ကို အစောဆုံး သြဂုတ်လ၊ နောက်အကျဆုံး စက်တင်ဘာလ မှာ ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်း ထိုင်းအစိုးရနဲ့ စစ်တပ်အဆင့်မြင့် တာဝန်ရှိသူတွေ နဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်ကြီး Prayuth က ကြေညာခဲ့တာပါ။

အစိုးရသစ်မှာ ဘယ်သူတွေကို တာဝန်ပေးမလဲ ဆိုတာကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း စက်တင်ဘာလမှာ တာဝန်က အနားယူရတော့မယ့် စစ်ဦးစီးချုပ်ဟာ သူ့ကိုသူ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်နိုင်တယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေ၊ သတင်းသမားတွေ ရာနဲ့ချီပြီး စစ်အစိုးရက ဆင့်ခေါ်ခဲ့ပြီး အများစုကိုတော့ တပတ်၊ ၂ ပတ်လောက် ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွှတ်ပေးလိုက်သူတချို့ကတော့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဖို့နဲ့ ပြည်ပကို မထွက်ခွာဖို့ ခံဝန်လက်မှတ်တွေ ရေးထိုးခဲ့ကြရတယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG