သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံသစ် ရေးဆွဲဖို့ ခုံရုံးသစ် အစိုးရရွေးချယ်


၂၀၁၇ ခုနှစ်လောက်ကျမှ ရွေးကောက်ပွဲကို အစောဆုံး ကျင်းပနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ထိုင်းစစ်အစိုးရက ပယ်ချခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တခုရေးဆွဲဖို့ ကော်မတီတရပ်ကို တာဝန်ပေးလိုက်ပါတယ်။

ဖွဲ့စည်းပုံ ဥပဒေသစ် ရေးဆွဲရေးကော်မတီထဲမှာ အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး လုပ်ငန်းတွေ အမြန်ဆုံးလုပ်ဆောင်သွားမယ့်အကြောင်းနဲ့ လာမယ့် ၆ လအတွင်း အပြီးရေးဆွဲရမှာဖြစ်တယ်လို့ထိုင်း ဒုဝန်ကြီးချုပ် Visanu Krua-ngam က ပြောပါတယ်။

ဖွဲ့စည်းပုံဥပဒေသစ် ကော်မတီကို ဥပဒေကျွမ်းကျင်သူ Meechai Ruchupan ကဦးဆောင်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင်ကို ဖယ်ရှားပြီးနောက် ၂၀၀၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း သူကပဲ ဦးဆောင်ရေးဆွဲခဲ့တာပါ။

XS
SM
MD
LG