သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားလို သက်သေ ထွက်ဆိုချက်တွေကွဲလွဲ


អ្នកទេសចរណ៍ និងសមាជិកនៃកុលសម្ព័ន្ធ Tengger ឡើងលើភ្នំ Bromo ក្នុងថ្ងៃបុណ្យ Yadnya Kasada Festival ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។
អ្នកទេសចរណ៍ និងសមាជិកនៃកុលសម្ព័ន្ធ Tengger ឡើងលើភ្នំ Bromo ក្នុងថ្ងៃបុណ្យ Yadnya Kasada Festival ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ၂၀၁၄ စက်တင်ဘာလတုန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ရဲ ၄ ဦး၊ ရှေ့နေ ၂ ဦးနဲ့ ဘာသာပြန်သူ ၁ ဦးတို့ကို ကေ့ာစမွေတရားရုံးမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ စစ်ဆေးရာမှာ တရားလို သက်သေ ထွက်ဆိုချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေက ဆိုပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလို့ခေါ်တဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ဲ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနေခဲ့တာပါ။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တရားလိုပြသက်သေ ၆၀ ကျော်ထဲက ရဲဝန်ထမ်း ၄ ဦးနဲ့ ရှေ့နေ ၂ ဦး၊ ဘာသာပြန် ၁ ဦးတို့ကို ၂ ရက်ကြာ စစ်ဆေးမှုတွေရဲ့ အခြေအနေကို မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောဆိုပါတယ်။

“ကလေးတွေရဲ့ တံတွေး DNA ယူတဲ့ ရဲ ၄ ယောက်ပေါ့လေ။ သူတို့ကိုယ်တိုင် ထွက်ချက်မှာပါတယ်။ သူတို့ကို တာဝန်တွေပေးတယ်။ ၁၆ ရက် ၉ လ ၂၀၁၄ ကနေ ၃ ရက် ၁၀ လ ၂၀၁၄ ဆိုတာလေ။ အဲဒီတော့ အဲဒီအတွင်းမှာ DNA ယူတဲ့သဘော။ နောက်တခါ ပြီးခဲ့တဲ့လ ၂၄ ရက် အစစ်ခံသွားတဲ့ ရဲမှူးကြီး မှုခင်းဆရာဝန်ကြီးပေါ့လေ။ သူ့ရဲ့ထွက်ချက်မှာ ဘာပြောထားသလဲဆိုတော့ ၂ ရက် ၁၀ လ ၂၀၁၄ က ပို့တဲ့ DNA ကို စစ်ရပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ ခုနက လေးယောက်ရဲ့ ထွက်ချက်ကို ပြန်ကြည့်ရင် သူတို့ဟာ တရားခံကို ဖမ်းပြီးမှ DNA ကို ပို့လိုက်လို့ ၂ ရက် ၁၀ လ နေ့မှာမှ DNA ရောက်သွားတာကို စစ်ရတယ်လို့ ပြောတာ။ အဲဒါဆိုရင် DNA လုပ်ထုံးလုပ်နည်းထဲက ၂ ချက်နဲ့ သွားငြိနေတယ်။ ယုံကြည်ဖွယ်ရာ မရှိဘူးဆိုတဲ့ ၂ ချက်။ ဘာလဲဆိုတော့ ၁ အချက်က ရယူတဲ့ DNA ဟာ တရားခံဖမ်းပြီးမှ စစ်ဆေးပေးပို့တာ ဖြစ်ခဲ့လို့ရှိရင် ၁ အချက် ဒီ DNA နဲ့ သက်သေခံ ပစ္စည်းတွေမှာ သုံးလို့ရတယ်။ ၂ အချက်က ကလေးတွေရဲ့ DNA ကို ရယူပြီးတော့ သေတဲ့လူရဲ့DNA ပါ။ ဒါ တရားခံပါ၊ တရားသေပါ။ နှစ်ခုခွဲလိုက်ပြီးတော့ ပို့လိုက်ရင်လည်း ထွက်လာမယ့်အဖြေက DNA တူမှာပဲ။ ဒါကြောင့်မို့လို့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အန်ကယ်တို့က ကန့်ကွက်ထားတာ ပိုပေါ်လွင်သွားတာပေါ့။”

စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ အခင်းဖြစ်ပွားပြီးပြီးချင်းမှာပဲ ပထမတကြိမ် သံသယနဲ့ DNA စစ်ဆေးခံရပေမဲ့ DNA မတူဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂ ပတ်ခန့်အကြာ စက်တင်ဘာလကုန်မှာ ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၃ ရက်နေ့မှာ တရားခံတွေအဖြစ် သူတို့ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတိုရဲ့ဝန်ခံကြောင်း ပြောဆိုတာကို သိရှိတဲ့သက်သေအဖြစ် ရှေ့နေ ၂ ဦးကိုလည်း သြဂုတ်လ ၁၉ ရက်နေ့ တရားခွင်မှာ စစ်ဆေးခဲ့တဲ့အကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“ဆိုတာက ဒီရှေ့နေဟာ ကော့စမွေမှာ လာလုပ်စားတာ အခုမှ သိပ်မကြာသေးဘူး။ တနှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ရှေ့နေများကောင်စီ အသင်းဝင်လည်း မဟုတ်ဘူး။ သူ့ဟာသူပဲ ဥပဒေအရ ရှေ့နေလုပ်စားနေတဲ့သဘော။ သူ့ကို ဒီရောက်လာတဲ့အခါကျတော့ ရဲက ရောက်ခါစ ရှေ့နေဆိုတော့ ခေါ်သုံးလိုက်တာပေါ့နော်။ သုံးတော့ ဒီလိုဝန်ခံတဲ့ အချိန်မျိုးတွေမှာ ရှေ့နေရှိနေဖို့ လိုတယ်လေ။ ဒါကြောင့်ခေါ်သုံးတော့ သူက အဲဒီထဲမှာ ပါသွားတာပေါ့။ တရားခွင်မှာတော့ သူက သူ့ဆီမှာ ဝန်ခံတဲ့စွဲကြောင်း ဘာသာပြန်ပြောတာတွေပဲ မှတ်တမ်းတင်ထားတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။”

ကော့တောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျွန်းပေါ်မှာပဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု၊ မုဒိမ်းမှု၊ တရားမဝင် ဝင်ရောက်မှု စတဲ့ အမှု ၇ မှုနဲ့ စွပ်စွဲထားပြီး ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ အခါမှာတော့ မြန်မာလူငယ် ၂ ဦးက သူတို့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ နှိပ်စက်မှု ညှဉ်းပန်းမှုတွေကြောင့် ဝန်ခံခဲ့ရကြောင်း သူတို့ဟာ လူသတ်မှုနဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်ရှင်။

XS
SM
MD
LG