သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် နာမကျန်းမှု ပြန်သက်သာ


ထိုင်းဘုရင် နာမကျန်းမှု ပြန်သက်သာ

ထိုင်းဘုရင်ကြီး ဘူမိပေါ အဒူလျာဒဲ့ဂ်ျ (Bhumipol Adulyadej) ရဲ့ အငယ်ဆုံးသမီး ချူလာဘွန် (Princess Chulaborn) က အသက် ၈၃ နှစ်အရွယ် သူ့ရဲ့ ခမည်းတော်ကြီးဟာ ရုတ်တရက် သတိမေ့သွားရာကနေ ဆေးရုံမှာ ပြန်ပြီးသက်သာလာခဲ့ပြီလို့ မနေ့က ပြောကြားလိုက်ပါတယ်။ မင်းသမီး ချူလာဘွန်ဟာ ဘန်ကောက်မြို့က ရေဘေးသင့် ဒုက္ခသည်တွေကို သွားရောက်အားပေးရင်းနဲ့ ပြောကြားခဲ့တာပါ။

ဘန်ကောက်က သိရီရက်ဂ်ျ (Siriraj) ဆေးရုံမှာ ၂ နှစ်ကြာ တက်ရောက်ပြီး ဆေးကုသခံယူနေတဲ့ ဘုရင်ကြီး ဘူမိပေါ ဟာ မကြာသေးခင်က အတွင်းသွေးယိုတဲ့ ဝေဒနာခံစားနေရာကနေ သက်သာလာခဲ့ပြီလို့လည်း မင်းသမီး ချူလာဘွန်က ပြောခဲ့ပေမဲ့ ဘယ်နေ့ ဘယ်အချိန်က ဒီဝေဒနာ ခံစားခဲ့ရတယ်ဆိုတာကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံမှာ ပြည်သူတွေ ရေဘေးဒုက္ခကြုံတွေ့နေရမှုကြောင့် ဘုရင်ကြီး ဘူမိပေါဟာ စိတ်ထိခိုက်ပြီး စိတ်ဖိအား ပြင်းထန်လာမှုရဲ့ ရလဒ်အဖြစ် အခုလို သတိမေ့သွားခဲ့တာလို့ မင်းသမီး ချူလာဘွန်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG