သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်မင်းမြတ်ရဲ့ခွေးကို စော်ကားခဲ့သူ ထောင်ဒဏ် ၃၇ နှစ် ကျခံရဖွယ်ရှိ


ထိုင်းနိုင်ငံရဲ့ တင်းကျပ်လှတဲ့ နိုင်ငံတော်ပုန်ကန်မှု ဥပဒေတွေထဲမှာ ပါဝင်တဲ့ ဘုရင်မင်းမြတ်အပေါ် စော်ကားရာရောက်တဲ့ လုပ်ရပ်အပေါ် အရေးယူတဲ့ ဥပဒေကို ချိုးဖောက်မှုအတွက် ထိုင်းဘုရင်မင်းမြတ်ရဲ့ ခွေးကို နှိမ်ချ သရော်တဲ့ စက်ရုံအလုပ်သမားတယောက်ဟာ တရားစွဲခံထားရပါတယ်။ သူ့အနေနဲ့ နိုင်ငံတော်ပုန်ကန်မှုအပြင် ဘုရင်းမင်းမြတ်ကို စော်ကားမှုနဲ့ သီးခြား စွဲချက်တွေကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Thanakorn Siripaiboon ဟာ တနင်္လာနေ့တုန်းက အင်တာနက်အွန်လိုင်းမှာ ဘုရင့်အိမ်မွေးခွေးကို လှောင်ပြောင်တဲ့စာ ရေးခဲ့တာကြောင့် ထိုင်းစစ်ခုံရုံးမှာ စွဲချက်တင်ခံရပါတယ်။

Thanakorn ဟာ သူ့ရဲ့ လူမှုရေးကွန်ယက်မှာ တင်ခဲ့တဲ့စာကြောင့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃၇ နှစ်ကျခံရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က တိုင်းပြည်ကို စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်က Thanakorn ရဲ့ ရေးသားချက်တွေနဲ့ စော်ကားရာရောက်တဲ့ ရေးသားချက် အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

ထိုင်းဘုရင် Bhumibol Adulyadej ဟာ သူ့ရဲ့ခွေး - Tongdaeng ကို တိုက်ကြိုတိုက်ကြားကနေ ကယ်တင် မွေးမြူခဲ့တာပါ။ ဘုရင်မင်းမြတ်က ဒီခွေးမလေးအကြောင်း စာရေးပြီး ရုပ်ပြစာအုပ်ကို ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ကာတွန်းရုပ်ရှင်အဖြစ် ဒီနှစ်မှာ ရိုက်ကူးပြသခဲ့ပါတယ်။

ထိုင်းဘုရင်ကို စော်ကားမှုနဲ့ ပြစ်ဒဏ်စီရင်ခံရမှုတွေဟာ ထိုင်းစစ်တပ် အာဏာသိမ်းပြီးကတည်းက တိုးလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ထိုင်းဘုရင်စနစ်ကို စော်ကားမှုနဲ့ အမျိုးသားတယောက်ကို ထောင်ဒဏ်နှစ်သုံးဆယ် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ထပ် facebook အမှုတခုမှာတော့ အသက် ၄၉ နှစ်အရွယ် စာရင်းကိုင်တဦးဟာ "တန်ပြန် စစ်အာဏာသိမ်းမှု လာနေပြီ" လို့ ရေးထားတဲ့စာသားနဲ့ သံချပ်ကာကားတစီးရဲ့ ဓာတ်ပုံကိုတွဲပြီး ဖော်ပြခဲ့မှုနဲ့ မကြာသေးမီက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။

XS
SM
MD
LG