သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်မင်းမြတ် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ


ထိုင်းဘုရင် Bhumibol
ထိုင်းဘုရင် Bhumibol

ထိုင်းဘုရင်မင်းမြတ် Bhumibol ဟာ ခံစားနေရတဲ့ သွေးနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါ နဲ့ အဆုပ်ရောင်ရောဂါတွေအတွက်ဆေးဝါးကုသခံယူနေကြောင်း ထိုင်းဘုရင်နန်းတော်က ကြေညာပြီးနောက်တရက်မှာပဲ တနင်္လာနေ့ က ဆေးရုံကနေ သူရဲ့ဘန်ကောက်နန်းတော်ကိုပြန်သွားခဲ့ပါတယ်။ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်ဖို့သူရဲ့နန်းတော်ကို ဘုရင်မင်းမြတ်ပြန်သွားတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ နန်းတော်ဝန်ထမ်းတဦးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဘုရင်သက်တမ်းအရှည်ဆုံးလည်းဖြစ်၊ သက်တော် (၈၈)နှစ်အရွယ်ရှိနေပြီးဖြစ်တဲ့ထိုင်းဘုရင်ဟာ ရောဂါဝေဒနာမျိုးစုံခံစားနေရတာကြောင့် မေလကတည်းက ဆေးရုံတင်ကုသမှုခံယူနေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ လွန်ခဲ့တဲ့သတင်းနှစ်ပတ်ကတည်းက ကိုယ်ပူဖျားနာနေခဲ့ပြီး ဆရာဝန်တွေကလည်း ဘုရင်ကြီးကို ကြပ်မတ်ကုသပေးခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ ဒါအပြင် အဆုပ်ရဲ့အောက်ပိုင်းမှာကူးစက်ရောဂါဖြစ်နေပြီး သွေးနဲ့ပတ်သက်တဲ့ကူးစက်ရောဂါနဲ့ သူရဲ့ညာဖက်ဒူးခေါင်ရောင်နေတာလည်းတွေ့ရှိခဲ့တယ်လို့ရေးသားထားပါတယ်။

သူရဲ့မွေးနေ့ဒီဇင်ဘာလ (၅)ရက်နေ့အထိမ်းအမှတ်နှစ်စဉ် ပြည်သူတွေကို မိန့်ခွန်းပြောတဲ့အစီစဉ်ပျက်ကွက်ခဲ့ပြီးနောက်ဘုရင်မင်းမြတ်ရဲ့ကျန်းမာရေးအခြေအနေအပေါ်စိုးရိမ်မှုတွေတိုးလာခဲ့တာပါ။ ဒါပေမဲ့လည်း ဒီဇင်ဘာလ (၁၄)ရက်နေ့က ဘုရင်မင်းမြတ်ဟာ ရှားရှားပါးပါး လူထုရှေ့ထွက်ပြခဲ့ပါတယ်။ သူဆေးကုသမှုခံယူနေတဲ့ Siriraj ဆေးရုံကနေ တနင်္လာနေ့ကထွက်ခွာစဉ်မှာ ရာနဲ့ချီပြည်သူတွေလမ်းမပေါ်မှာတန်းစီနှုတ်ဆက်ခဲ့ကြပါတယ်။

XS
SM
MD
LG