သုံးရလွယ်ကူစေသည့် Link များ

နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင် Bhumibol Adulyadej ကျန်းမာရေးပြန်ကောင်းလာစေဖို့ ဘုရင်ကြီးအတွက် ကံကောင်းစေတယ်လို့ ယုံကြည်ကြတဲ့ ပန်းရောင်အဝတ်အစားတွေကို ထိုင်းလူမျိုးတွေ ဝတ်ဆင်နေကြပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးဟာ သွေးသန့်စင် ကုသမှုလုပ်အပြီး ကျန်းမာရေးမတည်မငြိမ်ဖြစ်နေတယ်လို့ နန်းတော်က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဘုရင်ကြီး နေကောင်းစေဖို့ ပန်းရောင်အဝတ်အစားတွေ ဝတ်ဆင်တာအပြင် ပြည်သူတွေ စုဝေးဆုတောင်းပွဲတွေကိုလည်း ဘန်ကောက်မြို့တော်နဲ့ တခြားမြို့တွေမှာ ပြုလုပ်နေကြပါတယ်။

ဘန်ကောက်မြို့လယ်မှာရှိတဲ့ Lumpini ပန်းခြံမှာ အင်္ဂါနေ့ ညနေပိုင်းတုန်းက လူပေါင်းရာနဲ့ချီစုဝေးပြီး ထိုင်းဘုရင်ကြီးအတွက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ ဘုရင်ကြီးဆေးကုသမှုခံယူနေတဲ့ Siriraj ဆေးရုံဆီကိုလည်း ပန်းရောင်အင်္ကျီတွေ ဝတ်ဆင်ထားကြသူတွေ လာရောက် ဆုတောင်းပေးနေကြပါတယ်။

ဘုရင်ကြီးနေကောင်းပါစေလို့ ဆုတောင်းလက်မှတ်ထိုးနိုင်ကြဖို့အတွက်လည်း ဘုရင့်နန်းတော်ထဲက အဆောင်တခုကို ဖွင့်လှစ်စီစဉ်ပေးထားပါတယ်။ ၁၉၄၆ ခုနှစ်ထဲက နန်းတက်လာတဲ့ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်ကြီး Bhumibol Adulyadej ဟာ ထိုင်းပြည်သူတွေရဲ့ အင်မတန် ချစ်ခင်လေးစားမှုကို ခံရသူဖြစ်ပါတယ်။

XS
SM
MD
LG