သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ


ထိုင်းနိုင်ငံကို ၁၉၄၆ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တဲ့ ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးအခြေအနေ ယုတ်လျော့လာမှုအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း မြို့တော် ဘန်ကောက်က ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ အသက် ၈၇ နှစ်အရွယ် ဘုရင် Bhumibol အတွက် အနာရောဂါ ပျောက်ကင်းစေတဲ့ ဂါထာတွေ ရွတ်ဖတ်ပြီး ဆုတောင်း မေတ္တာပို့ကြဖို့ သမီးတော် Chulabhorn က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုင်းသူပြည်သားတွေကို ရှားရှားပါးပါး မေတ္တာရပ်ခံခဲ့ပါတယ်။

ရာမဘုရင်မင်းဆက် ၉ ယောက်အဖြစ် လူသိများတဲ့ ဘုရင် Bhumibol အခုလ အစောပိုင်းတုန်းက သူဆေးကုသမှု ခံယူနေတဲ့ Siriraj ဆေးရုံကနေ အပြင်ကို ခဏတာ ထွက်လာတဲ့အချိန်က နောက်ဆုံးအကြိမ် လူထုရှေ့ကို ထွက်ပြခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့ သွေးနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါ၊ ကိုယ်ပူ ဖျားနာတာနဲ့ အဆုပ်ရောင်ရောဂါတွေကို ခံစားနေရကြောင်း နန်းတော် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အိမ်ရှေ့မင်းသား Maha Vijaralongkorn ကတော့ သူ့မိဘတွေလောက် လူထုရဲ့ ချစ်ခင်လေးစားမှုကို မရရှိပါဘူး။ အိမ်ရှေ့မင်းသား Maha Vijaralongkorn ဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်ဖြစ်သူ - မိဘုရားကြီး သီရိခေတ်ကို ပူပြင်းလှတဲ့ သြဂုတ်လ နေရောင်အောက်မှာ ၄၃ ကီလိုမီတာ ရှိတဲ့ ခရီးကို လူပေါင်း ၁ သိန်းခွဲလောက်နဲ့အတူ စက်ဘီးစီး ဂုဏ်ပြုခဲ့ပါတယ်။

XS
SM
MD
LG