သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝါးအဖြစ် ဆေးခြောက်အသုံးပြုမှု ထိုင်းတရားဝင်ခွင့်ပြုမှု စိုးရိမ်မှုတိုး


အရှေ့တောင်အာရှ ဒေသမှာ ထိုင်းနိုင်ငံက ဆေးခြောက် - marijuana ကို ဆေးကုသရေးမှာ အသုံးပြုဖို့ ပထမဆုံးတရားဝင်ခွင့်ပြုလိုက်ပါပြီ။ ဒါပေမယ့် ဒါကို ဆေးအဖြစ်သုံးရာမှာ ကြုံလာရနိုင်တဲ့ အနေအထားတွေအတွက် စိတ်မသက်မသာ ဖြစ်နေရသူ တချို့ရှိပါတယ်။

အခုလို တရားဝင်ခွင့်ပြုချက်ကို ဒီဇင်ဘာလ ၂၄ ရက် ခရစ်စမတ် အကြိုနေ့မှာ ပြဌာန်းခဲ့ချိန်ကစပြီး မာရီဝါးနားကို ဆေးအဖြစ်သုံးဖို့ လုပ်ဆောင်နေတဲ့ ပညာရှင်တချို့က ဒီဥပဒေကို စိတ်ပျက်ကြောင်း ပြောဆိုခဲ့ကြတာပါ။ ဒီလို ပြဌာန်းမှုကနေ အမေရိကန်ဒေါ်လာ ဘီလျံပေါင်း ရာချီ အမြတ်ရနေတဲ့ ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းကြီးတွေကို အစိုးရဌာနတွေက အခွင့်အရေးတွေ ပေးလာနိုင်တယ်လို့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။

မာရီဝါးနားကို စိုက်ပျိုးရာကနေ လူနာတွေကို ပေးတဲ့ အထိ ကြားလုပ်ငန်း အဆင့်ဆင့်အတွက် စည်းမျဉ်းဥပဒေတွေ ချမှတ်ပြီး ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုက VOA ကို ပြောပါတယ်။

GPO ထိုင်းအစိုးရ ဆေးဝါးဗေဒဌာန ကတော့ အမျိုးအစား ခွဲတာတွေ၊ အမျိုးအစား အရည်အသွေး ပိုကောင်းအောင်၊ စိုက်ပျိုးတာ၊ ရိတ်သိမ်းတာတွေ နည်းစံနစ်ပိုကျအောင် လုပ်နေပါတယ်။ အခုလို ဆေးခြောက်သုံးကုသဖို့ လုပ်ဆောင်မှုတွေ တိုးလာချိန်မှာပဲ ဒီလိုလုပ်ဆောင်မှုကြောင့် နောင်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအတွက် ပူပန်မှုတွေလည်း တိုးလာနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG