သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်း အလုပ်သမား ဖမ်းဆီးမှု ထိုင်းစစ်တပ် ရှင်းလင်း


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းစစ်တပ်က အာဏာသိမ်းအပြီး ထိုင်းမြန်မာနယ်စပ်မှာ ရာနဲ့ချီရှိတဲ့
မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကို ဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမူကို ကာကွယ်ဖို့ တရားဝင် အလုပ်ခန့်ထားတဲ့ စနစ် ထဲကို ရောက်ဖို့ ဖြစ်တယ်လို့ ထိုင်းဖက်ကပြောလိုက်ပါတယ်။ ခရိုင် ၅ခုကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် အမှတ် ၄ တပ်ရင်းက မဲဆောက်မြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းစစ်တပ်က အာဏာသိမ်း အပြီးမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းဆီးတွေ ရှိနေတဲ့အတွက် အိမ်နီးနားချင်းနိုင်ငံသားတွေအပေါ်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ရက်ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အသက်သေ တဲ့ အထိ ပြုလုပ်တာတွေနဲ့ အလုပ်သမားအားလုံးကို ဖမ်းဆီးခြင်းတွေလုပ်တယ် ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ အထွေထွေစီးပွားရေး ကျဆင်းစေခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများရဲ့နိုင်ငံတွေက ထိုင်းနိုင်ငံအပေါ်မှာ နားလည်မှုလွဲစေ တာတွေဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ ။

ဒီလိုကြေညာအပြီး တာ့ခရိုင် ၅ မြို့နယ်တွင်းမှာ တာဝန်ယူထားတဲ့ ထိုင်းစစ်တပ်အမှတ် ၄ တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး လူထုအခြေပြု အဖွဲအစည်းတွေကို သူတိုရဲ့သဘောထားတွေကိုရှင်းပြခဲ့ကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူတဦးက ပြောပြပါတယ်။

"သူက အဲ့ဒီ့အစည်းအဝေးမှာ ပေါ့နော် သူ့အနေနဲ့ အန်ဂျီအိုတွေ ပီဘီအိုတွေ ၂၀ နဲ့ အဖွဲ့ဌာနဆိုင်ရာတွေကို ခေါ်ပြီးတော့ပေါ့နော် တပ်ရင်းမှုးပေါ့ အမှတ် ၄ ခြေလျှင်တပ်ရင်းက တပ်ရင်းမှုး က ခေါပြီးတော့ ဒီမှာ မဲဆောက်မှာ ဖမ်းဆီးတာတို့ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ပါတ်သက်ပြီးတော့ သူက သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့ ပုံစံမျိုး သူက ခေါ်ပြီး ဆွေးနွေးပြတာပဲ။

ရှင်းလင်းတာပဲ။ သူပြောချင်တာကတော့ ဒီမှာရှိနေတဲ့ ကရင်တွေ မြန်မာအလုပ်သမားတွေက ကမ္ဘောဒီးယားက အလုပ်သမားတွေလိုမျိုးပေါ့နော် အထောက်အထား အပြည့်အစုံနဲ့ နေရပ်ကို ပြန်သွားတဲ့ ပုံစံမျိုး မရှိဘူးပေါ့နော်။

သူတို့ဖမ်းဆီးရတာလည်း အထောက်အထား မရှိတဲ့လူတွေကိုပဲ ဖမ်းတာပါပေါ့။ အဲ့ဒီ ကမ္ဘောဒီးယား ထိုင်းနယ်စပ်မှာ ကမ္ဘောဒီးယားတွေ ပြန်သွားတာက အဲဒီ ကောလာဟလ သတင်းကြောင့်ပြန်သွားရတာ၊ တကယ်တော့။ ဒီမှာကျတော့ အဲဒီပုံစံမျိုး မဟုတ်ဘူးပေါ့နော် တကယ်ပဲ လက်မှတ်မရှိဘဲနဲ့ အထောက်အထား မရှိဘဲနဲ့ နေနေတာအတွက်ကို သူတို့က ဖမ်းဆီးရတာတဲ့။

ဘာကြောင့်လည်း ဆိုတော့ လက်ရှိမှာ အလုပ်ရှင်တွေက အလုပ်သမားတွေကို မှတ်ပုံမတင်ပေးတာတွေ တရားဝင် လူငှါးရနိုင်ခြေမရှိတဲ့အတွက်ကြောင့် ဒီပြသနာတွေကို သူတို့အနေနဲ့ပေါ့ အဲဒီ အလုပ်ရှင်တွေကို ဖိအားပေးတဲ့အနေနဲ့ ဒီကိစ္စကို လုပ်ဆောင်ရခြင်းဖြစ်တယ် ဆိုတဲ့အကြောင်း သူတို့က ရှင်းပြတာ။ အလုပ်သမားတွေကို တရားဝင် အလုပ်ငှားရမ်းတဲ့ စနစ်ထဲ ကိုပေါ့နော်။ ရောက်ရှိဖို့ သူတို့ကလည်း မျှော်လင့်တယ်ပေါ့။ ဒီလူကုန်ကူးမှုတွေပေါ့ မူးယစ်ဆေးဝါးတွေနဲ့ ပါတ်သက်ပြီးတော့လည်းပေါ့ ဒီအထဲမှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာလည်း အပါအဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်း သူရှင်းပြသွားတာပဲ"

ထိုင်းနိုင်ငံ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ က ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ချက် ထဲမှာတော့ ထိုင်းနိုင်ငံကို ကမ္ဘာတဝှမ်းမှာ လူအခွင့်အရေး ချိုးဖောက်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင် အလုပ်သမားခိုင်းစေခြင်း၊ အဓမ္မ ခိုင်းစေခြင်းများ ရှိတယ်ဆိုပြီး မမှန်မကန် သတင်းတွေ ထုတ်လွှင့်နေကြကြောင်း ဒီလို မမှန်မကန် သတင်းတွေ ထုတ်လွှင့်နေခြင်းတွေကြောင့် ထိုင်းနိုင်ငံပေါ် ယုံကြည်မှုတွေ နည်းလာစေတာတွေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုလုပ်ဆောင်ရာမှာလည်း အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပြီး ဖော်ပြထားပြီး သူတို့ရဲ့ လက်ရှိ စစ်ဆေးရေးဟာ အလုပ်သမားတွေအပေါ်မှာ ယာယီသာဖြစ်ကြောင်း အလုပ်ရှင်တွေက ပူးပေါင်း လုပ်ဆောင်စေကြောင်းတွေကိုဖော်ပြထားပါတယ်။

အလုပ်သမားတွေကို နေရပ်ရင်းကိုပြန်ပို့နေခြင်းမလုပ်သလို အလျင်စလို ဖမ်းဆီးဖို့လည်း ရည်ရွယ်ချက် မရှိကြောင်း တွေကိုလည်း ကြေညာချက် ထုတ်ပြီးပြောဆိုထားပါတယ်။
XS
SM
MD
LG