သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ် အာဏာပြန်လွှဲဖို့ တနှစ်ခန့်ကြာမည်


ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ထိုင်းနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးပြန်ရဖို့အတွက် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့က အနည်းဆုံး အချိန်တနှစ်လောက် လိုဦးမယ်လို့ ထိုင်းစစ်တပ် ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရမယ်လို့ ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က သောကြာနေ့ညကပဲ ရုပ်မြင်သံကြားနေ မိန့်ခွန်းပြောသွားတာပါ။

သူ့ရဲ့မိန့်ခွန်းတခုလုံးနီးပါးမှာတော့ ထိုင်းနိုင်ငံစီးပွားရေးက အားကောင်းခိုင်မာပါတယ်၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဆက်ပြီး ယုံကြည်စိတ်ချထားလို့ ရပါတယ်လို့ ပြောသွားတာပါ။ ဒါပေမယ့် သူ့အဆို နိုင်ငံရေးပဋိပက္ခဟာ အရပ်သားအုပ်ချုပ်မှုကို ပြန်သွားဖို့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေမှာ ဖြစ်တယ်လို့ဆိုပြီး သူအရင်တပတ်က ဦးဆောင်ခဲ့တဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေ ကြတာတွေ ရပ်လိုက်ဖို့ ဗိုလ်ချုပ်ကြီး Praayuth က သတိပေးသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပြီး အထွေထွေရွေးကောက်ပွဲတွေ ချက်ခြင်း ကျင်းပပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Chuck Hagel က အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးကိစ္စ လူငါးယောက်ထက်ပိုပြီး မစုဝေးဖို့ ပိတ်ပင်ထားတာနဲ့ သတင်းမီဒီယာအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာတွေအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတာ အဆုံးသတ်ဖို့လည်း စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ဒေသလံခြုံရေးဆိုင်ရာ Shangari La ဆွေးနွေးပွဲအတွင်း မစ္စတာဟေဂဲလ်က တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG