သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်း ရန်ကုန်မြို့ကို စတင်ပြေးဆွဲ

Suvarnabhumi လေဆိပ်က ထိုင်းလေကြောင်းလိုင်း
Suvarnabhumi လေဆိပ်က ထိုင်းလေကြောင်းလိုင်း

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းခရီးသွားလာရေးမှာ ခရီးသည်ဝန်ဆောင်မှုတွေကို တိုးချဲ့မြှင့်တင်ပြီး ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း Thai Airways International ရဲ့ အဲယားဘတ်စ် A320 ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို မနေ့ တနဂ်နွေက စတင်လိုက်ပါတယ်။

ထိုင်းနဲ့ မြန်မာ လေကြောင်းခရီးစဉ်ကို အရင်က မိတ်ဖက်ဖြစ်တဲ့ Thai Smile ရဲ့ လေယာဉ်တွေနဲ့ ပျံသန်းပေးခဲ့ပေမဲ့ အခုတော့ Thai Airways International ထိုင်းအပြည်အပြည်ဆိုင်ရာ လေကြောင်းလိုင်းအဖြစ် ခရီးသည် ၁၄၀ ကနေ ၁၇၀ အထိ သယ်ဆောင်တဲ့ A320 အဲယားဘတ်စ် လေ ယာဉ်ကြီးတွေနဲ့ ပြေးဆွဲပေးလိုက်တာပါ။

Thai Airways International ရဲ့ A320 Airbus တွေမှာ Silk Class ပထမတန်းအတွက် အစားအသောက်ကဏ္ဏတွေနဲ့ သက်တောင့်သက်သာ စီစဉ်ထားပြီး Economy Class မှာ Online စာဖတ်စင် E Reading နဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေ တိုးချဲ့ပါဝင်မှာ ဖြစ်ပါတယ်။

အရင်ကတော့ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဟာ မိတ်ဖက်လေကြောင်းလိုင်း Thai Smile နဲ့ တပတ်ကို ဘန်ကောက်-ရန်ကုန် အသွားအပြန် ၁၄ ခေါက် ပျံသန်းပို့ဆောင်ပေးခဲ့တာ TG ခရီးစဉ်တွေလည်း ဒီအတိုင်း ဆက်ပြီး ပျံသန်းနေမှာပါ။

ဘန်ကောက် - ရန်ကုန် - ဘန် ကောက် ခရီးစဉ်ကို မနက်ပိုင်းမှာ TG 301 နဲ့ ဒေသစံတော်ချိန် မနက် ၉း၃၅ မှာ ထွက်ခွါပြီး ရန်ကုန်ကို ဒေသစံတော် ချိန် ၁၀း၃၅ မှာ ရောက်ပါတယ်။ ဒီလေယာဉ်ဟာ TG 302 ခရီးစဉ်အဖြစ် ရန်ကုန်ကနေ ၁၁း၂၅ မှာ ထွက်ခွါပြီး၊ ဘန်ကောက်ကို ဒေသစံချိန် မွန်းလွဲ ၁း၂၅ မှာ ဆိုက်ရောက်ပါတယ်။ ညနေပိုင်းမှာတော့ TG 303 က ဘန်ကောက်ကနေ ၅း၀၅ မိနစ်မှာ ထွက်ခွါရင်း ရန်ကုန်ကို ည ၆ နာရီမှာ ဆိုက်ရောက်ပါတယ်။ ရန်ကုန်ကနေ ည ၇ နာရီမှာ TG 304 အဖြစ် ပြန်လည်ထွက်ခွါရင်း ဒေသစံချိန် ည ၉ နာရီမှာ ဘန်ကောက်ကို ဆိုက်ရောက်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို လေကြောင်းလိုင်း (4) လိုင်းကနေ အသွားအပြန် ပြေးဆွဲနေတာဖြစ်ပြီး၊ ခရီးသည် ၁၀၀၀ လောက် အမြဲတမ်း အဝင်အထွက်ရှိနေပါတယ်။

This item is part of
XS
SM
MD
LG