သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင် ခရိုင် ရှိ ထိုင်း-မြန်မာ နယ်စပ် ဂိတ် ပြန်ဖွင့် မည်


ထိုင်း-မြန်မာ နယ်စပ်ဂိတ်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးမြှင့်တင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြန်ဖွင့်မယ်လို့ အဆင့်မြင့် ထိုင်းအရာရှိတွေ က သောကြာနေ့မှာ ပြောပါတယ်။

လုံခြုံရေးအခြေအနေတွေကြောင့် ၁၃ နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းက Bann Lak Tang နယ်စပ်ဂိတ်ကနေ ၂၂၇ ကီလိုမီတာဝေးတဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အထိ ကုန်ပစ္စည်းတွေ တင်ပို့နိုင်တော့ မှာဖြစ်ပါတယ်။

ချင်းမိုင်ခရိုင် - Viang Hang ဒေသမှာရှိတဲ့ အဲဒီ Bann Lak Tang နယ်စပ်ဂိတ်ကို ပြန်ဖွင့် လိုက်ခြင်းအားဖြင့် အရှေ့တောင်အာရှ နှစ်နိုင်ငံအကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေကို တိုးမြင့် လုပ်ဆောင်သွားနိုင်မယ်လို့ ချင်းမိုင် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Vipavan Voraputhipong က ပြောပါတယ်။

ကုန်သည်တွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ Viang Hang - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် တို့အကြား သွားလာနိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ နယ်စပ်ဂိတ်ကို ပြန်ဖွင့်လိုက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ အခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံလောက်အထိ ရရှိနိုင်မယ်လို့လည်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

Bann Lak Tang နယ်စပ်ဂိတ်ဟာ တောင်ကြီးမြို့နဲ့ အနီးဆုံး နယ်စပ်ဂိတ်ဖြစ်ပြီး မကြာခင်မှာ မန္တလေးအထိပေါက်တဲ့ ကားလမ်း တည်ဆောက်မယ် လို့လည်း မျှော်လင့်ရပါတယ်။

XS
SM
MD
LG