သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် အခြေပြုပြီး ငလျှင်ငယ် ထပ်လှုပ်


၂၀၁၂ ခု၊ နိုဝင်ဘာ ၁၃ က စစ်ကိုင်းတိုင်းမှာ လှုပ်သွားတဲ့ငလျင်ကြောင့် အပျက်အစီး။
၂၀၁၂ ခု၊ နိုဝင်ဘာ ၁၃ က စစ်ကိုင်းတိုင်းမှာ လှုပ်သွားတဲ့ငလျင်ကြောင့် အပျက်အစီး။
ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၇ မိနစ်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ်အနီးက မြန်မာပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၂.၂ ရှိတဲ့ ငလျင်ငယ်တခု လှုပ်သွားခဲ့တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက တိုင်းတာရရှိခဲ့ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငလျင်ဗဟိုပြုလှုပ်သွားတဲ့နေရာ အသေးစိတ်နဲ့ ထိခိုက် ပျက်စီးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

စနေနေ့ညသန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်တုန်းကလည်း ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG