သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း မြန်မာကလေးများကို ခိုင်းစားတဲ့ဂိုဏ်း ဖမ်းမိ


 ပုံ- မြန်မာကလေးသူငယ်များကို ကယ်ဆယ်လာပုံ
ပုံ- မြန်မာကလေးသူငယ်များကို ကယ်ဆယ်လာပုံ

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ မြန်မာကလေးငယ်များအား သူတောင်းစားအဖြစ် ခိုင်းစားနေတဲ့ မြန်မာနိုင်ငံသားများပါဝင်တဲ့ ဂိုဏ်းကို ဇူလိုင်လ ၂၂ရက်နေ့ ကဖမ်းဆီးခဲ့ပြီးမြန်မာကလေး ၁၀ဦးကိုကယ်ဆယ်ခဲ့ပါတယ် ။

ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြောက်ပိုင်း၊ ခရိုင်ချင်းမိုင်မြို့ ကလေးနဲ့ အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့၊ လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့နဲ့ အမှတ် (၅) ဒေသ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖေါ်ထုတ်ဖမ်းဆီးလိုက်တာကြောင့် ကလေးသူငယ်တွေကို လူကုန်ကူးပြီး တောင်းရမ်းစားသောက်ခိုင်းတဲ့ ဂိုဏ်းကို ဖမ်းမိခဲ့တာပါ ။ အဲဒီကနေ မြန်မာကလေးငယ် (၁၀) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဒုရဲမှူး ထိရဘုန်း အင်ထရလစ် ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ ဂိုဏ်းဟာ ချင်းမိုင်မြို့ ထဆာလာ ရပ်ကွက်မှာ အိမ်ခန်းငှားပြီး မြန်မာနိုင်ငံက ကလေး ငယ်တွေကို နည်းမျိုးစုံနဲ့ ရှာဖွေ စုဆောင်းပြီး သူတောင်းစားတွေအဖြစ် တနေ့နေ့စားခ ဘတ်ငွေ(၆၀)ပေးကာ ခိုင်းစားနေကြတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်တဲ့ သူတောင်းစားလူကုန်ကူးဂိုဏ်းဝင် မြန်မာနိုင်ငံသား (၆) ဦးမှာ အမျိုးသမီး သုံးဦး ပါဝင်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံသား ၂ဦးကိုလည်း ပူးပေါင်းကြံစည်မူနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ တောင်းရမ်းစားသောက် သူများအား ထိန်းချုပ်ရေး ဥပေဒေ Act BE 2559 (၂၀၁၆) မှာပြဌာန်းထားတဲ့ ဥပဒေအရ လမ်းမ ဈေးနဲ့ လူမြင်ကွင်း မည်သည့်နေရာမှာမဆို ငွေကြေးတောင်းစားသူများကို ဖမ်းဆီးပြီး ထောင်ဒဏ်တလနဲ့ ဒဏ်ငွေ ဘတ်၁၀၀၀ ၊ခုလို လူကုန်ကူးလာပြီး တောင်းစားခိုင်းသူ တွေကို ထောင်ဒဏ် (၃)နှစ်နဲ့ ဒဏ်ငွေ ၃၀၀၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အခုရက်ပိုင်းအတွင်း ချင်းမိုင် ဈေးတွေမှာ တောင်းစားနေတဲ့ မြန်မာနိုင်ငံသား ကလေး သုံးဦးကို စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာကနေ အခုလို ကလေးတွေကို တောင်းရမ်းစားသောက်ဖို့ ခိုင်းစေတဲ့ ဂိုဏ်း
ဝင်တွေကို ဖမ်းမိခဲ့တာပါ။ ဒါ့အပြင်ကလေးတွေကို ထားတဲ့ နေရာတွေကို ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုဏ်းဟာ အသက်(၂) နှစ်ကနေ (၇) နှစ်အရွယ် မြန်မာကလေးငယ်တွေကို နံနက်
ပိုင်း ဈေးတွေမှာ နေရာချပေးပြီး တနေကုန် တောင်းစားခိုင်းနေတာကြတာဖြစ်ပါတယ်။ တောင်းရမ်းစားသောက်ဖို့ ခိုင်းစေခံရတဲ့ မြန်မာကလေးငယ် ၁၀ဦးကိုလည်း ထိုင်းအာဏာပိုင်တွေကကယ်ဆယ်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG