သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်မှု အရေး ထိုင်း-မြန်မာ ဆွေးနွေး

1/14
အသေးစိတ် ဖတ်ရှုရန် Show less
2/14
အသေးစိတ် ဖတ်ရှုရန် Show less
3/14
အသေးစိတ် ဖတ်ရှုရန် Show less
4/14
အသေးစိတ် ဖတ်ရှုရန် Show less
5/14
အသေးစိတ် ဖတ်ရှုရန် Show less
6/14
အသေးစိတ် ဖတ်ရှုရန် Show less
7/14
အသေးစိတ် ဖတ်ရှုရန် Show less
8/14
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
9/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
10/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
11/14
အသေးစိတ် ဖတ်ရှုရန် Show less
The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
12/14 The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
အသေးစိတ် ဖတ်ရှုရန် Show less
13/14
အသေးစိတ် ဖတ်ရှုရန် Show less
14/14
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်နဲ့ ပတ်သက်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ ထိုင်းအာဏာပိုင်တွေ နဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ မြန်မာသမ္မတဦးသိန်းစိန်က ညွန်ကြား လိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်ရုံးကိုသွားပြီး ဝန်ကြီးချုပ်ရုံး ဝန်ကြီး Pannada Diskul နဲ့ တွေ့ဆုံပြီးတော့ သေဒဏ် ချ ခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ယောက်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဗီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"သမ္မတကြီးရဲ့ Message ပေါ့။ သမ္မတကြီးရဲ့ Message ကို နိုင်ငံခြားရေး ကို ပြော၊ နိုင်ငံခြားရေး ဝန်ကြီးကနေ ထိုင်းသံအမတ်ကြီး ကို ပြောပြီးတော့ ဝန်ကြီးချုပ်ဆီ သွားပြီးတော့ ပြောခိုင်းတာ။ အဲ့တာနဲ့ပတ်သက်လို့ နံပတ်တစ်ပေါ့နော်။ သမ္မတကြီး ပြောတာကတော့ ဒီလိုမျိုး စီရင်ချက် အပြင်းထန်ဆုံး ချလိုက်တာ နဲ့ပတ်သက်ပြီးတော့ သမ္မတကြီးအနေနဲ့ တော်တော်လေး အံ့အားသင့်မိ တယ်ပေါ့နော်။ အံ့သြသင့်ပြီး နောက် စိတ်မကောင်းလည်းဖြစ်မိတယ်။ အဲ့တော့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ရော ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ကြားဝင် စွက်ဖက်တာမဟုတ်ဘူး။ သို့သော်လည်းပဲ ဒီအမှုကို စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ မြန်မာ တနိုင်ငံလုံးက ပြည်သူတွေ ခံစားချက်တွေ ထွက်ပေါ်နေတယ်ပေါ့နော်။

နောက်တခုက ကျနော် နှစ်နိုင်ငံ ထိုင်း-မြန်မာပေါ့နော်။ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ဒီအချက်တွေကို ထောက်ထားပြီးတော့ ထိုင်းနိုင်ငံရဲ့အုပ်ချုပ်ရေး တပ်မတော်အစိုးရရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကနေပြီးတော့ ပြန်ပြီး သုံးသပ်ပြီး ဆောင်ရွက်ပေးဖို့ ကျနော်တို့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ကူညီစောင့်ရှောက်ပေးဖို့ သမ္မတကြီးကနေ ဝန်ကြီးချုပ်ကို သူ့ရဲ့သတင်းစကားကို ပါးခိုင်းပါတယ်။"

မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ တာဖြစ်ပေမယ့်၊ ထိုင်းဝန်ကြီးချုပ်က အရေးကြီးတဲ့အစည်းအဝေးတခုကို တက်ရောက်နေတဲ့အတွက် ဝန်ကြီးချုပ်ရုံးဝန်ကြီးနဲ့ပဲ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

ထိုင်းတရားရုံးက အခုလို မြန်မာနိုင်ငံ သားတွေကို သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ လည်း မြန်မာနိုင်ငံ သား ထောင်ပေါင်းများစွာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေ အတွက် စိုးရိမ်ပူပန်မိတယ်လို့ ထိုင်းဝန်ကြီးဘက်ကပြောပါတယ်။

အခုလို ထိုင်းဝန်ကြီးကပြောတဲ့အပေါ်မှာတော့ မြန်မာပြည်သူတွေဟာ အလုပ်သမားနှစ်ဦး အတွက် တရားမျှတမှုကို တောင်းဆိုနေတာ သာဖြစ်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေကို ဒုက္ခပေးတာမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး နဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ် ဆောင်ချက်မျိုးတွေ လုပ်မှာ မဟုတ်ဘူးဆိုတာ မြန်မာသံအမတ်ကြီးက ပြန်ပြောခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကဆက်လက်လုပ်ဆောင် သွားမယ့် အခြေအနေကိုတော ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

" ထိုင်းနိုင်ငံရဲ့ တရားရုံး အဆင့်ဆင့် Process တွေကို ရေဆုံးရေဖျားအထိ ဆုံးခန်းတိုင်အောင် ကျနော်တို့က လုပ်မှာပါ။ အဲ့တာ နံပတ်တစ်ပေါ့နော်။ အဲ့တော့ ကျနော်တို့ အနေနဲ့ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားတယ်။ သူ့ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးကို လေးစားတယ်။ သို့သော် ဥပဒေနဲ့အညီပေါ့။ ကျနော်တို့က မျှမျှတတ ဖြစ်အောင် ကျနော်တို့ နိုင်ငံသားတွေ အပြစ်ကင်းစင်တယ် ဆိုတာ တရားရုံးမှာ အယူခံရုံး အဆင့်ဆင့်မှာ သက်သေပြခွင့်ရအောင် အခု ကျနော်တို့ ထိုင်းရှေ့နေများကောင်စီ နဲ့ ဆွေးနွေးပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ။ ဒါက တပိုင်းပေါ့။

ပြီးရင်လည်း ကျနော်တို့ အဆင့်ဆင့်သွားမှာပါ။ ဟုတ်ကဲ့။ အဲ့တာနဲ့ပတ်သက် လို့။ နောက် ကျနော်တို့ အခုလက်ရှိ အဲ့ဒီ့ ကျန်တဲ့ နိုင်ငံတော် အစိုးရအနေနဲ့ပေါ့နော်။ တပ်မတော် အပါအဝင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လူကြီးတွေ ဆွေးနွေးနေ တာတွေ ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ အစိုးရ အနေနဲ့ တတ်နိုင်ဆုံး အထိရောက်ဆုံး လုပ်နိုင်သမျှ လုပ်လို့ရသမျှ နည်းလမ်းကုန် သုံးပြီးတော့ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးကိုတော့ မထိခိုက်ရအောင် ထိန်းသိမ်းပြီးတော့ ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။ ဒါကတော့ လောလောဆည် အနေအထားပါ။"

ထိုင်း-မြန်မာ ၂ နိုင်ငံဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက အခုလို ဆက်ပြောပါတယ်။

"လောလောဆည် အနေအထားကတော့ ကျနော်တို့ မရှိသေးပါဘူး။ ကျနော်တို့ Court Process က မပြီးသေးပါဘူး။ မပြီးသေးဘူးဆိုတော့ တရားရုံးအဆင့်ဆင့် အယူခံသွားဖို့ရှိတယ်။ နောက် ကျနော်တို့ သံတမန်နည်းလမ်းအရ ဆက်သွယ်ဆောင်ရွက်ခဲ့တဲ့ အရင် အတိတ်ကာလမှာလည်း မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရအဆင့်ပေါ့နော်။ ရင်းနှီးမှု ဆက်ဆံရေးကို အခြေခံပြီးတော့ နှစ်ဦးနှစ်ဘက် ဆောင်ရွက် ခဲ့တဲ့ အစဉ်အလာတွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ လုပ်သွားရမှာပါ။ ဆိုလိုတာက လက်ရှိအခြေအနေအထိ ကျနော်တို့သည် ထိုင်းနဲ့မြန်မာ ဆက်ဆံရေး ထိခိုက်စရာ အကြောင်း မရှိပါဘူး။"

ထိုင်းနိုင်ငံ အပန်းဖြေနေရာတခုဖြစ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်နှစ်ဦးကို ပြီးခဲ့တဲ့နှစ်က သတ်ခဲ့တယ် ဆိုပြီး အသက် ၂၂ အရွယ်တွေဖြစ်ကြတဲ့ မောင်ဝင်းဇော် နဲ့ မောင်ဇော်လင်းထွန်းတို့ကို မနေ့ကပဲ သေဒဏ် ချလိုက်တာပါ။ အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ကို သူတို့မသတ်ဘူးလို့ မြန်မာအလုပ် သမားနှစ်ယောက်လုံးက ငြင်းခဲ့ပါတယ်။သေဒဏ် ချမှတ်ခံံရတဲ့အပေါ် အယူခံဝင် သွားမယ်လို့ သူတို့ရဲ့ရှေ့နေက ပြောထားပါတယ်။

XS
SM
MD
LG