သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ တရားမဝင္ျမန္မာ ၅၀၀ နီးပါး ျမန္မာဘက္ကို လႊဲေျပာင္းေပးခဲ့


အေထာက္အထားမဲ့အမ်ားစုပါတဲ့ ျမန္မာေတြကို ထိုင္းဘက္က ျပန္လည္လႊဲေျပာင္းေပးအပ္ေနစဥ္။ (ႏိုဝင္ဘာ ၁၆၊ ၂၀၂၁/ျမန္မာအလုပ္သမား သံအရာရွိ႐ံုး)

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံထဲကို ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္ေရာက္လာသူအမ်ားစုပါတဲ့ လူ ၅၀၀ နီးပါးကို ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္၊ မဲေဆာက္ ျမဝတီခ်စ္ၾကည္ေရးတံတား အမွတ္(၂) ကေန ျမန္မာဘက္ကို အခုရက္ပိုင္းေတြမွာ လႊဲေျပာင္းေပးခဲ့ပါတယ္။ အခုလို ျပန္ပို႔တဲ့ ျမန္မာႏိုင္ငံသားေတြ စုစုေပါင္း ၁ ေသာင္း ၇ ေထာင္ေက်ာ္ရွိၿပီျဖစ္ေၾကာင္း ထိုင္းတာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္-ျမဝတီနယ္စပ္ ခ်စ္ၾကည္ေရးတံတား (၂) ကေန ျမန္မာႏိုင္ငံဘက္ ျပန္ပို႔တဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားအေရအတြက္ ၃ လ အတြင္း ၁၇,၀၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ ထိုင္းအစိုးရနဲ႔ ျမန္သံ႐ုံးဘက္က ေျပာပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိရဲ႕အကူညီနဲ႔ေနရပ္ျပန္ႏိုင္ဖို႔ ကူညီလုပ္ေဆာင္ခဲ့တယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

“ထိုင္းႏိုင္ငံထဲမွာ မက်န္းမာလို႔ ေနရပ္ျပန္လူနာေတြပါတယ္။ မီးဖြားဖို႔ ျပန္တဲ့ကိုယ္ဝန္ေဆာင္ေတြပါတယ္။ အလုပ္ျပဳတ္လာတဲ့သူေတြ၊ လုပ္သားအင္အားေလ်ာ့ခ်ခံရသူေတြပါတယ္။ ထိုင္းအက်ဥ္းေထာင္ေတြက ျပန္လည္လြတ္ေျမာက္လာတဲ့ သူေတြပါတယ္။ ၾသဂုတ္လ ၁ ရက္ေန႔စၿပီး ခနနားတယ္။ စက္တင္ဘာလ ၁ ရက္ေန႔မွာ ျပန္စတယ္။ အခုဆိုရင္ ၁၇,၀၀၀ ေက်ာ္ျဖစ္သြားၿပီ။”

ထိုင္းႏိုင္ငံထဲမွာ ၂၀၂၁ ခုႏွစ္ထဲက စလို႔ ျမန္မာႏိုင္ငံက အပါအဝင္ ေအာက္တိုဘာလအထိ နယ္စပ္အသီးသီးက ဝင္လာတဲ့ အေထာက္အထားမဲ့ ၃ ေသာင္းေက်ာ္ကို ဖမ္းဆီးခဲ့ၿပီး ဒီထဲမွာအမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြက စာရင္း ထုတ္ျပန္ထားပါတယ္။ ေန႔စဥ္နယ္စပ္ေတြကေန ဝင္လာေနတဲ့ျမန္မာႏိုင္ငံသား ရာနဲ႔ ခ်ီၿပီးဖမ္းဆီးမိေနတဲ့အတြက္ ထိုင္းအာဏာပိုင္ေတြရဲ႕အခ်ဳပ္ေထာင္ေတြမွာ ေနရာ မလုံမေလာက္ ျဖစ္ေနပါတယ္။ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားေတြကို ထိုင္းႏိုင္ငံရဲ႕လူဝင္မႈ ႀကီးၾကပ္ေရး လဝကဥပေဒအရသာ အေရးယူခဲ့ၿပီး ဥပေဒအတိုင္း တႏွစ္ျပည့္တဲ့အထိ မထားေတာ့ဘဲ အခ်ဳပ္စခန္းေတြမွာ ၃ လေလာက္ပဲထားၿပီး ေနရပ္ျပန္ပို႔ ေနတာပါ။ အခု ရက္ပိုင္းမွာတင္ျမန္မာႏိုင္ငံသား ၅၀၀ နီးပါး ျမန္မာႏိုင္ငံဘက္ ျပန္ပို႔ခဲ့ရတယ္လို႔ ကိုမိုးႀကိဳးက ေျပာပါတယ္။

“ထိုင္းနယ္စပ္ဝင္ေပါက္အမ်ိဳးမ်ိဳးေပါ့။ ၁၀ ခုေလာက္ရွိတဲ့အထဲက ျမန္မာႏိုင္ငံဘက္က လူေတြ တရားမဝင္ ဝင္ေရာက္လာတဲ့အခါက်ေတာ့ ပုံမွန္အတိုင္း အခ်ဳပ္ေတြ၊ ရဲအက်ဥ္းဦးစီးတို႔၊ ရဲအခ်ဳပ္ေတြ၊လဝကအခ်ဳပ္ေထာင္ေတြ မဆန႔္ေတာ့တဲ့အခါက်ေတာ့ထိုင္းလဝက ဥပေဒအရ တႏွစ္ပဲခ်တယ္။ ထိုင္းတပ္မေတာ္ရဲ႕ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ ႐ြက္မႈအစီစဥ္နဲ႔ ၂ လနဲ႔ ၃ လၾကားမွာ အလုပ္သမားသံအရာရွိကို ေခၚၿပီး ပူးေပါင္းေဆာင္႐ြက္ၿပီးျပန္လႊတ္ေပးပါတယ္ခင္ဗ်။ ဟိုတေန႔တုန္းကေတာ့ ျမန္မာ ၄၉၇ ေယာက္ကို ျမန္မာႏိုင္ငံဘက္ကို လႊံေျပာင္းေပးလိုက္ပါတယ္။”

ထိုင္းႏိုင္ငံမွာ တရားမဝင္ေကာ တရားဝင္အေထာက္အထားရွိသူေတြအပါအဝင္ ျမန္မာႏိုင္ငံသား ၃ သန္းထက္မနည္း ရွိေနပါတယ္။ ဒါ့အျပင္ အလုပ္အကိုင္ရွာေဖြဖို႔ လာၾကတဲ့ျမန္မာေတြဟာ ေန႔စဥ္အလုံးအရင္းနဲ႔ ဝင္ေရာက္ေနတာေၾကာင့္ ဒီလပိုင္းေတြအတြင္း အေထာက္အထားမဲ့ ျမန္မာေတြ ထိုင္းနယ္စပ္ေတြမွာ ေထာင္နဲ႔ခ်ီၿပီးဖမ္းဆီးခံေနရပါတယ္။ ဒီအတြက္ ထိုင္းႏိုင္ငံအေနနဲ႔ မဲေဆာက္ ျမဝတီ ရေနာင္း၊ ေကာ့ေသာင္း၊ မယ္ဆိုင္၊ တာခ်ီလိတ္နယ္စပ္ေတြကေန ကိုဗစ္ကာလ တံတားေတြပိတ္ထားတဲ့ၾကားကပဲ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ လႊဲေျပာင္းေပးေနတာလည္းျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

ထိုင်းရောက် တရားမဝင်မြန်မာ ၅၀၀ နီးပါး မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူအများစုပါတဲ့ လူ ၅၀၀ နီးပါးကို ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ မဲဆောက် မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂) ကနေ မြန်မာဘက်ကို အခုရက်ပိုင်းတွေမှာ လွှဲပြောင်းပေးခဲ့ပါတယ်။ အခုလို ပြန်ပို့တဲ့ မြန်မာနိုင်ငံသားတွေ စုစုပေါင်း ၁ သောင်း ၇ ထောင်ကျော်ရှိပြီဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်-မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား (၂) ကနေ မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားအရေအတွက် ၃ လ အတွင်း ၁၇,၀၀၀ ကျော်လောက်ရှိတယ်လို့ ထိုင်းအစိုးရနဲ့ မြန်သံရုံးဘက်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံး အလုပ်သမားသံအရာရှိရဲ့အကူညီနဲ့နေရပ်ပြန်နိုင်ဖို့ ကူညီလုပ်ဆောင်ခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာ မကျန်းမာလို့ နေရပ်ပြန်လူနာတွေပါတယ်။ မီးဖွားဖို့ ပြန်တဲ့ကိုယ်ဝန်ဆောင်တွေပါတယ်။ အလုပ်ပြုတ်လာတဲ့သူတွေ၊ လုပ်သားအင်အားလျော့ချခံရသူတွေပါတယ်။ ထိုင်းအကျဉ်းထောင်တွေက ပြန်လည်လွတ်မြောက်လာတဲ့ သူတွေပါတယ်။ သြဂုတ်လ ၁ ရက်နေ့စပြီး ခနနားတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ ပြန်စတယ်။ အခုဆိုရင် ၁၇,၀၀၀ ကျော်ဖြစ်သွားပြီ။”

ထိုင်းနိုင်ငံထဲမှာ ၂၀၂၁ ခုနှစ်ထဲက စလို့ မြန်မာနိုင်ငံက အပါအဝင် အောက်တိုဘာလအထိ နယ်စပ်အသီးသီးက ဝင်လာတဲ့ အထောက်အထားမဲ့ ၃ သောင်းကျော်ကို ဖမ်းဆီးခဲ့ပြီး ဒီထဲမှာအများစုက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက စာရင်း ထုတ်ပြန်ထားပါတယ်။ နေ့စဉ်နယ်စပ်တွေကနေ ဝင်လာနေတဲ့မြန်မာနိုင်ငံသား ရာနဲ့ ချီပြီးဖမ်းဆီးမိနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့အချုပ်ထောင်တွေမှာ နေရာ မလုံမလောက် ဖြစ်နေပါတယ်။ ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံရဲ့လူဝင်မှု ကြီးကြပ်ရေး လဝကဥပဒေအရသာ အရေးယူခဲ့ပြီး ဥပဒေအတိုင်း တနှစ်ပြည့်တဲ့အထိ မထားတော့ဘဲ အချုပ်စခန်းတွေမှာ ၃ လလောက်ပဲထားပြီး နေရပ်ပြန်ပို့ နေတာပါ။ အခု ရက်ပိုင်းမှာတင်မြန်မာနိုင်ငံသား ၅၀၀ နီးပါး မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ရတယ်လို့ ကိုမိုးကြိုးက ပြောပါတယ်။

“ထိုင်းနယ်စပ်ဝင်ပေါက်အမျိုးမျိုးပေါ့။ ၁၀ ခုလောက်ရှိတဲ့အထဲက မြန်မာနိုင်ငံဘက်က လူတွေ တရားမဝင် ဝင်ရောက်လာတဲ့အခါကျတော့ ပုံမှန်အတိုင်း အချုပ်တွေ၊ ရဲအကျဉ်းဦးစီးတို့၊ ရဲအချုပ်တွေ၊လဝကအချုပ်ထောင်တွေ မဆန့်တော့တဲ့အခါကျတော့ထိုင်းလဝက ဥပဒေအရ တနှစ်ပဲချတယ်။ ထိုင်းတပ်မတော်ရဲ့နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုအစီစဉ်နဲ့ ၂ လနဲ့ ၃ လကြားမှာ အလုပ်သမားသံအရာရှိကို ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ပြီးပြန်လွှတ်ပေးပါတယ်ခင်ဗျ။ ဟိုတနေ့တုန်းကတော့ မြန်မာ ၄၉၇ ယောက်ကို မြန်မာနိုင်ငံဘက်ကို လွှံပြောင်းပေးလိုက်ပါတယ်။”

ထိုင်းနိုင်ငံမှာ တရားမဝင်ကော တရားဝင်အထောက်အထားရှိသူတွေအပါအဝင် မြန်မာနိုင်ငံသား ၃ သန်းထက်မနည်း ရှိနေပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာတွေဟာ နေ့စဉ်အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဒီလပိုင်းတွေအတွင်း အထောက်အထားမဲ့ မြန်မာတွေ ထိုင်းနယ်စပ်တွေမှာ ထောင်နဲ့ချီပြီးဖမ်းဆီးခံနေရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံအနေနဲ့ မဲဆောက် မြဝတီ ရနောင်း၊ ကော့သောင်း၊ မယ်ဆိုင်၊ တာချီလိတ်နယ်စပ်တွေကနေ ကိုဗစ်ကာလ တံတားတွေပိတ်ထားတဲ့ကြားကပဲ မြန်မာနိုင်ငံသားတွေကို ပြန်လည် လွှဲပြောင်းပေးနေတာလည်းဖြစ်ပါတယ်ရှင်။

#ထိုင်းမြန်မာနယ်စပ်#ကော့သောင်း#မြဝတီ#တရားမဝင်ဝင်ရောက်သူ#ချစ်ကြည်ရေးတံတားအမှတ်(၂)

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG