သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရမယ့် မြန်မာ ၃၂ ဦးဖမ်းဆီးခံရ


ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ရေခဲတုံးခံပြီး တင်ဆောင်လာတဲ့ကား (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ရေခဲတုံးခံပြီး တင်ဆောင်လာတဲ့ကား (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

လူကုန်ကူးတဲ့ကားတစီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခဲ့ရာမှာ လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိန်းသိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။ ပကျော့ခီရီခန်ခရိုင် တွင်းက အဝေးပြေးလမ်းမပေါ်မှာ မသင်္ကာတဲ့ကားတစီးကို တားဆီးစစ်ဆေးရာကနေ တရား မဝင် ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရှိ ခဲ့တာဖြစ်ကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေး ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ပကျော့ခီရီခန် ခရိုင်၊ ကလောင်ဝမ်မြို့ရဲ့ ဖက်ကစန် အဝေးပြေး လမ်းမပေါ်မှာ ချွန်ဖုန်းလိုင်စင်နံပါတ်နဲ့ အီဇူးဇူး ပစ်ကပ်ကားအဖြူရောင်တစီးကို ရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာလို့ နောက်ကလိုက်လံဖမ်းဆီးခဲ့တာမှာ အခုလို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ညနေ ၄ နာရီဝန်းကျင်မှာ အရှိန်မြှင့်မောင်းနေတဲ့ကားကို မူးယစ်ဆေးတင်ဆောင်တဲ့ ကား လို့ ယူဆပြီး ရဲတပ်ဖွဲ့ ဝင်တွေက တနာရီကြာအောင် အမီလိုက်ပြီး ရပ်တန့်စေပြီး စစ်ဆေး ခဲ့ တာမှာ ပလပ်စတစ်တာလပတ်တွေ အလုံအုပ်ထားတဲ့ ကားထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး နဲ့ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၂ ယောက် တို့ကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကနေ တောလမ်းအတိုင်း ကန်ချန ဘူရီကို ဝင်ရောက်ခဲ့ကြ သူတွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။ နေပူရှိန် မြင့်မားနေဆဲ ဖြစ်တာကြောင့် သူတို့ကို တာလပတ်နဲ့အုပ် ထားတဲ့ ကားအတွင်းပိုင်းမှာ ရေခဲတုံးတွေ အပေါ် ထိုင်ပြီး လိုက်ပါစေခဲ့ကြောင်း ကားမောင်သူ ထိုင်းနိုင်ငံသားက ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးမှုတွေ ဆက်တိုက်ရှိနေတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“သက်ဆိုင်ရာအာဏာပိုင်တွေက ကြပ်ကြပ်မတ်မတ် မထိန်းချုပ်နိုင်တာက တပိုင်း၊ နောက် တပိုင်းက သက် ဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် တစုံတရာ အကျိုးအမြတ်နဲ့ လာဘ်လာဘတွေနဲ့ လုပ်နေကြတာ တွေလည်း ပါတယ်။ ဒါကြောင့်မို့လို့ စာရွက်စာတမ်း အထောက်အထားမဲ့တဲ့ အလုပ်သမားတွေကို လူမှောင်ခို၊ လူပွဲစားတွေက တဆင့် နေ့စဉ် နယ်စပ်တွေကို ရောက်နေကြတာဖြစ်ပါတယ်။”

အခု ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနယ်စပ်ကနေ မလေးရှားနယ်စပ်အထိ ပို့ေ ဆာင်ခ တဦးကို ထိုင်းဘတ်ငွေ (၁၆,၅၀၀) မြန်မာကျပ်ငွေနဲ့ဆို ၇ သိန်းခွဲစီ ပေးခဲ့ရတယ် လို့ ဆိုပါတယ်။ ထိုင်း-မြန်မာ အာဏာပိုင် တွေ နှစ်ဘက်ပူးပေါင်းထိန်းချုပ်ကြမှသာ အခု လို လူကုန်ကူးမှုတွေ ဆက်တိုက်ဖြစ်နေတာကို ထိန်းချုပ်နိုင်မယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

“ပြည်ပနိုင်ငံတွေမှာ လူကုန်ကူးခံရတာတွေ၊ အထူးသဖြင့် အဓိက ထိုင်းနယ်စပ်ကို လာနေ တာ၊ တရုတ်ဘက်ကို လာနေတာတွေ ရှိတယ်။ တရုတ်ဘက်ကိုလာရင် တရုတ်အစိုးရနဲ့ လက်ချင်းချိတ်လုပ်ရမှာဖြစ်သလို ထိုင်းကိုလာရင်လည်း ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံတည်းက တဘက်တည်းက လုပ်လို့ မရပါဘူး။”

၂၀၀၈ ခုနှစ်အတွင်းမှာလည်း ပင်လယ်စာတွေတင်တဲ့ အအေးခန်းကားကြီးကိုသုံးပြီး ရနောင်းမြို့ကနေ တင်ဆောင်လာချိန်မှာ ကားအတွင်း အပူရှိန်နဲ့ ပိတ်လှောင်ပြီး အသက်ရှူမွန်းကြပ်တာကြောင်း မြန်မာနိုင်ငံသား ၅၄ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။ အခုလို တာလပတ်အစတွေနဲ့ အလုံအုပ်ပိတ်ထားတဲ့ကားငယ်ပေါ်မှာ လူ ၃၀ ကျော်ကို ကြပ်ကြပ်တည်းတည်းတင်ဆောင်ပြီး ရေခဲတွေအပေါ်ကနေ လိုက်ပါစေခဲ့တဲ့ လုပ်ရပ်ဟာ လည်း အချိန်အတော်ကြာရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG