သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်ရှင်နဲ့ နိုင်ငံခြားသားလုပ်သားတွေ မှတ်ပုံတင် ကန့်သတ်ရက် ကုန်တော့မည့် ဂယက်


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ (AAC)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ (AAC)

ထိုင်းနိုင်ငံမှာ အလုပ်ရှင်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေမတ်လ ကုန်နောက်ဆုံးထား တရားဝင် စာရင်းတင်သွင်းဖို ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ လာရောက်စာရင်းပေးကြ တဲ့သူတွေ များပြားလာနေပြီး တချို့အလုပ်သမားတွေကတော့ ညအိပ်စောင့်နေကြရတာကြောင့်ထိုင်းနိုင်ငံဘက်တော့လုပ်ငန်းရှင်တွေ အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်ဖို့စီစဉ်ဆောင်ရွက်နေပါပြီ။ မအေးအေးမာသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာနိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့် အပ်နိုင်ရေးအတွက် အလုပ်ရှင်ကောအလုပ်သမားတွေပါ မှတ်ပုံတင်စာရင်းပေးသွင်းရမယ့် နောက်ဆုံးရက်နီးလာတာနဲ့ အမျှ အလုပ်သမားကိစ္စတွေကိုလုပ်ဆောင်ပေးတဲ့စင်တာတွေမှာ အလုပ်သမားတွေ ၂ည ၃ညအထိလမ်းဘေးတွေမှာ ညအိပ်စောင့်ရတဲ့အထိအခြေအနေတွေဖြစ်လာတာပါ

ဒီအတွက်အလုပ်သမားတွေအနေနဲ့ ဒုက္ခတွေပိုများလာကြောင်း အေအေစီ မဟာမိတ်အဖွဲ့ က ကိုရဲမင်းကပြောပြပါတယ် ။

"တချိူ့ဆိုတညအိပ်တချိုဆို နှစ်ညအိပ် တချိုဆို ၃ညအိပ် အရင်ကဆို ဝမ်းစတော့ဆားဗစ်စင်တာတွေက မနက်ဝင်တယ် အလွန်ဆုံး ညထိပဲအခုဟာက ဒိနေ့မနက်အစောကြီး လာရင်နောက်နေ့လည်းညအိပ်တွေဖြစ်နေတာနောက်နေ့ထိ ထပ်အိပ်ရတော့ အဲဒီလိုမျိုးလုပ်မှ ရတော့အလုပ်သမားတွေကအခက်အခဲတွေဖြစ်ကုန်တာပေါ့။ နေထိုင်ခွင့်တွေသက်တမ်းတိုးဖို့၂၀၂၀ ထိရဖို့ အတွက်က ဝမ်းစတော့ဆားဗစ်စင်တာတွေမှာ ပွဲစားတွေတောင်းသလောက်ပေးပြိး လမ်းဘေးတွေမှာအိပ်ပြီး အခက်အခဲတွေဖြစ်ကုန်တာပေါ့။

သက်တမ်းတိုးတာကို အဲဒါကနှစ်ဖက်နိုင်ငံအစိုးရတွေက ပေါ်လစီချတဲ့ဟာ ဆုံးဖြတ်ချက်မှားတွေချတော့ ၃၁ရက်နေ့ ၃လ ၂၀၁၈မှာ တပြေးညီ အလုပ်သမားကဒ်တွေကိုသက်တမ်းကုန်မယ်ဆိုတော့ သိန်းတင်မကဘူးသန်းနဲ့ချီတဲ့အလုပ်သမားတွေဒုက္ခရောက်ကုန်တာ။"

တရက်ကိုအလုပ်သမား ၃၀၀၀ သာစာရင်းပေးသွင်းဘို့သတ်မှတ်ထားတဲ့အတွက်နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့အထိ စာရင်းပေးထားကြတဲ့အလုပ်
သမားတွေ ပြည့် နေပြီဖြစ်တာကြောင့် မတ်လ၂ရရက်နေ့မှာတော့ ထိုင်းအလုပ်သမားရေးဌာနက အွန်လိုင်းစနစ် နဲ့သုံးပြီး လုပ်ငန်းရှင်တွေ စာရင်းပေးဖို့ အထိ စီစဉ်ဆောင်ရွက်ပေးနေတဲ့အကြောင်းကိုရဲမင်းကဆက်ပြောပြပါတယ်။

"ထိုင်းဘက်ကတော့ အွန်လိုင်းစနစ်နဲ့နာမည်စာရင်းတွေပေးခိုင်းထားတယ် တဖြေးဖြေးလုပ်ခိုင်းမယ် ဆိုပြိးသတင်းထွက်တယ် သူကတော့မမှီတော့ဘူးဆိုတာကောင်းကောင်းသိသွားတယ်"

ထိုင်းနိုင်ငံတွင်းမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ နှစ်နိုင်ငံအစိုးရတွေထုတ်ပေးနေတဲ့လက်မှတ်ပေါင်းစုံကိုလုပ်ဆောင်နေရတာကြောင့်ငွေကုန်ကြေးကျတွေများတဲ့အပြင် ပွဲစားတွေက အဆမတန်ငွေကြေးတောင်းခံပြီးလုပ်ဆောင်နေတာတွေလည်းှရှိနေတာပါ။ ဒါ့အပြင်အထောက်အထားပြည့်စုံအောင် အခုလို သတ်မှတ်ရက်အတွင်းပြီးစီးအောင်လုပ်နေရတဲ့အတွက်လည်း ညအိပ်စောင့်ပြီး လုပ်နေရတဲ့အခြေအနေတွေဖြစ်လာတာပါ ဒီကိစ္စကိုတော့နှစ်နိုင်ငံ အစိုးရတွေကဖြေရှင်းဖို့ကြိုးစားနေပြီး မတ်လ ၂၈ ရက်နေ့မှာတော့ မြန်မာအလုပ်သမားဝန်ကြီး ထိုင်းနိုင်ငံကိုလာရောက်ဖို့ ရှိနေတယ်လို့လည်းသိရှိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG