သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူဝင်မှု စိစစ်ရေးက မြန်မာအလုပ်သမား ၂၀၀ ကျော်ဖမ်းဆီး


ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ဘတ့်လမုန် ခရိုင်အတွင်းမှာ ရှိတဲ့ တည်ဆောက်နေဆဲ ကုန်တိုက်ကြီး Terminal 21 Pattaya Department Store အတွင်းက ဆောက်လုပ်ရေး အလုပ်သမား ၁၅၀၀ အလုပ်လုပ်ကိုင်နေတဲ့နေရာ ကို ရဲနဲ့စစ်တပ် ပူးပေါင်အဖွဲ့တွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ တရားမဝင်အလုပ်သမားတွေထွက်ပြေးကြသလို မြန်မာအလုပ်သမား၂၀၀လောက် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးတော့မဲ့မတ်လ ကုန်မတိုင်ခင် ဒီရက်ပိုင်းအတွင်းမှာ ဖမ်းဆီးစစ်ဆေးမူတွေကို ထိုင်းဘက်က အရှိန်မြှင့် ပြုလုပ်လာတာဖြစ်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံချွန်ဘူရီခရိုင်အတွင်းက ဆောက်လုပ်ရေးအလုပ်သမား ၁၅၀၀လောက်အလုပ်ကိုင်နေတဲ့ ကုန်တိုက်ဆောက်နေတဲ့ နေရာကို ထိုင်းစစ်တပ် ရဲနဲ့ပူးပေါင်းအဖွဲက တရားမဝင်အလုပ်သမားတွေကို ရှာဖွေ ပြီး ဖမ်းဆီးခဲ့တာပါ။ ဒီလို့ဖမ်းဆီးတဲအတွက် ဆောက်လုပ်ရေးလုပ်နေတဲ့ မြန်မာရာဂဏန်းလောက်ထွက်ပြေးခဲ့ကြသလို့နောက်ပိုင်းမှာတော့ မြန်မာ အလုပ်သမား ၂၀၀လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဘန့်လမုန်ခရိုင်အုပ်ချုပ်ရေးမှူးနိုင်နာရစ်ကိုယ်တိုင်ဦးဆောင်ပြီး ခုလို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ဝင်ပြီး ဖမ်းဆီးခဲ့ရတဲ့အခြေအနေကို လည်း ခရိုင်အုပ်ချုပ်ရေးမှူးက အခုလိုပြောသွားခဲ့ပါတယ်။

ဘန့်လမုန်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်နရစ်နီရမိုင် ပြောသွားတာကတော့
ဘန့်လမုန် ခရိုင်ထဲမှာ တရားဥပဒေနဲ့ မညီတဲ့တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသူတွေကို ရဲ၊ စစ်တပ်နဲ့တခြား အာဏာပိုင်အဖွဲ့အစည်းတွေပါ၊ ပူးပေါင်းပြီး စစ်ဆေတာဖြစ်ပါတယ်။ တချို့နိုင်ငံခြားသားအလုပ်သမားတွေဟာ ပါတ်ဝန်းကျင်ကိုအနှောက်အရှက်ပေးနေတာရှိတယ်၊ဒါတွေဆက်တိုက်စစ်ဆေးဖေါ်ထုတ်အရေးယူသွားမှာပါဆိုပြီးပြောသွားတာပါ အခုထိမ်းသိမ်းလိုက်တဲ့ နိုင်ငံခြားသား အလုပ်သမား ၂၀၀ ရဲ့ အလုပ်
လုပ်ခွင့် စာရွတ်စာတမ်းတွေကို ဆက်လက်စစ်ဆေးနေပြီး အစစ်အမှန်ဟုတ်မဟုတ်အလုပ်သမားရေးရာ ဌာနတွေကို စုံးစမ်းမေးမြန်းမှုတွေလုပ်နေကြောင်း ပြောသွားပါတယ်။

အခု ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပြုချက်မရှိသူတွေအလုပ်ရှင်နံမည် မတူ တာတွေ သတ်မှတ်ထားတဲ့မြို့နယ်အတွင်းကနေ နယ်မြေကျော်ပြီး လာရောက်လုပ်နေ သူတွေနဲ့ အလုပ်လုပ်ခွင့် ပါမစ် သက်တမ်းကုန်နေသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG