သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခ ပြည်တွင်းရေးသက်သက်မဟုတ် (ထိုင်းလွှတ်တော်အမတ်)


မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)
မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)

မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာ့ပြည်တွင်းရေး သက်သက်အဖြစ် မရှုမြင်ဘဲ ချဉ်းကပ်ဖို့ ထိုင်းနယ်စပ်ကို သွားရောက်တဲ့ Fair ခေါ် Pen Tham ပါတီက ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ ပြင်ဆင်ဖို့ လိုပါတယ်။ ကျနော်တို့မှာ အစီအစဉ်တွေ ရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြည်တွင်းရေး သက်သက်ဆိုပြီး ပစ်ပယ်ထားလို့ မရတော့ပါဘူး။ ကြားဝင်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကို ရှေ့တန်းတင် ဦးစားပေး စဉ်းစားနေလို့ မရတော့ပါဘူး” လို့ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံသားတွေ အများအပြား ထိုင်းနိုင်ငံဘက် ထွက်လာတဲ့ အခြေအနေတွေနဲ့ နယ်ခြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေကို လေ့လာဖို့ နယ်စပ်ဒေသ မဲဆောက်မြို့ကို သူ ကိုယ်တိုင် လာရောက်တာလို့လည်း ထိုင်း လွှတ်တော်အမတ်က ပြောပါတယ်။ မြန်မာနိုင်ငံဘက်က ပဋိပက္ခဟာ မြန်မာနိုင်ငံအတွင်းကရော၊ ထိုင်းနိုင်ငံထဲက လူတွေ နှစ်ဘက်စလုံးကိုပါ သက်ရောက်မှုရှိပြီး ထိုင်းအစိုးရဘက်က ပိုမို ပြည့်စုံ ထိရောက်တဲ့ ချဉ်းကပ်မှုတွေ လုပ်သွားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကတော့ နယ်စပ်အခြေအနေ မြန်မာနိုင်ငံဘက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တဲ့အကြောင်း‌ ပြောဆိုပြီး သူကိုယ်တိုင်လည်း နယ်စပ် ဒေသကို သွားရောက်ခဲ့သလို၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး ဖိအားပေးတဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ လိုအပ်ကြောင်း မနေ့က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

မြန်မာပဋိပက္ခ ပြည်တွင်းရေးသက်သက်မဟုတ် (ထိုင်းလွှတ်တော်အမတ်)
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG