သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ကြောင်းမရှင်းသူတချို့ ထိုင်းအစိုးရ အဖွဲ့သစ်မှာပါ

နောက်ကြောင်းမရှင်းသူတချို့ ထိုင်းအစိုးရ အဖွဲ့သစ်မှာပါ
နောက်ကြောင်းမရှင်းသူတချို့ ထိုင်းအစိုးရ အဖွဲ့သစ်မှာပါ

ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါးဘေး (Robert Mugabe) ရဲ့ ဇနီးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတဲ့အတွက် အမေရိကန်အစိုးရက နံမည်ပျက် စာရင်းသွင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့ထဲမှာ အသစ် ခန့်အပ်လိုက်တဲ့ အငြင်းပွားစရာ လူပုဂ္ဂိုလ်နှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။

သူ့အပြင် နောက်တစ်ယောက်ကတော့ ၂၀၁၀ ခုနှစ်က လူတွေဒါဇင်နဲ့ချီ သေဆုံးပြီးတဲ့နောက် အဆုံးသတ်ခဲ့တဲ့ ၂ လကြာ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် လှုပ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ကျီနီဝတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။

အရင်က စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ နာလီနီ သာဗီဆင် (Nalinee Thaveesin) နဲ့ နိုင်ငံရေးလှုပ်ရှားသူ နာတဝတ် ဆိုင်ကွာ (Nattawut Saikua) တို့ဟာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yingluck Shinawatra) ရဲ့ အစိုးရဝန်ကြီးအဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့က အဖွဲ့ဝင်သစ် ၁၀ ဦးစာရင်းထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးအပါအဝင် ဝန်ကြီး ၆ ဦးကို တခြား ရာထူး နေရာသစ်တွေမှာ ပြောင်းရွှေ့ နေရာခန့်ထားလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး တစ်ယောက်အနေနဲ့ အမည်သွင်းခံခဲ့ရတဲ့ နာလီနီဟာ အမေရိကန်ပြည်ထောင်စုက သူ့ကို နံမည်ပျက်စာရင်းသွင်းတဲ့ အစီရင်ခံစာ ထွက်မလာခင်ကတည်းက ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG