သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့မြန်မာတွေကိုနေထိုင်ခွင့်ကဒ်လုပ်ပေးတဲ့ ထိုင်းအရာရှိတချို့အရေးယူခံရ


မြန်မာရွှေ့ပြောင်းအလုပ်သမားများ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မြူနီစပါယ်ရုံးမှာ မြန်မာနိုင်ငံသား ၇၀၀ကျော် ကို ဆယ်နှစ်ခံလို့ခေါ်တဲ့ ထိုင်းနိုင်ငံ မှာနေထိုင်ခွင့်အထောက်အထားလက်မှတ် ပြုလုပ်ပေးတဲ့ ထိုင်းအရာရှိအပါအဝင် ဝန်ထမ်း ၃ ဦး နေရာ ပြောင်းရွှေ့ခံရပြီး အဲဒီလက်မှတ်တွေကိုပယ်ပျက်သွားမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြူနီစပါယ်ရုံးမှာ ၃လအတွင်း မြန်မာနိုင်ငံသား၇၀၀ကျော် ကို ၁၀ နှစ်ခံကဒ်လို့ မြန်မာတွေခေါ်ကြတဲ့ နေထိုင်ခွင့်အထောက်အထားလက်မှတ်ကို အခကြေးငွေယူပြီးပြုလုပ်ပေးတဲ့အတွက် ထိုင်းအရာရှိအပါအဝင် ဝန်ထမ်း ၃ဦးကို နေရာပြောင်းရွေပြီး စစ်ဆေးအရေးယူမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ သတင်းတွေမှာဖော်ပြကြပါတယ်။ မြန်မာနိုင်ငံတဦးကအခုလိုပြောပြပါတယ်။

" နေရာချိန်းလိုက်တယ်၊ နယ်ဘက်တွေကိုနေရာရွှေ့လိုက်တယ်၊ ၃ယောက်ပြုတ်သွားတယ်။ သစ်စဘန်း( မြူနီစပါယ်ရုံး)က အရာရှိတွေပေါ့ "

မြန်မာနိုင်ငံသား၇၀၀ ကျော်ကို အခကြေးငွေယူပြီး ဆယ်နှစ်ခံလို့လူသိများတဲ့ အထောက်အထားလက်မှတ် တွေကို လုပ်ပေးရာမှာ တယောက်ကို ဘတ်ငွေ ၄သောင်းကနေ တသိန်းလောက်ထိ ဈေးပေါက်ခဲ့တယ်လို့ ထိုင်းအရာရှိတွေကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ လက်မှတ်လုပ်သူအများစုဟာ မြန်မာနိုင်ငံနေလာကြသူတွေဖြစ်ပြီး တချို့တော့ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက် ထွက်ပြေး တိမ်းရှောင်လာသူတွေ နိုင်ငံရေးလှုပ်ရှားသူတွေလည်းပါဝင်တယ်လို့လည်းဆိုပါတယ်။

" သူတို့ကဘယ်လိုမျိုးလုပ်လဲဆိုတော့အခု မြန်မာနိုင်ငံသားတွေကိုပေါ့ တယောက်ကို ၄သောင်း၊ ၅သောင်း၊ ၆သောင်း၊ ရသောင်၊း သူတို့ဆီ(ထိုင်းဝန်ထမ်းတွေဆီ)ရောက်တာကတော့ ၄သောင်းလောက်ပေါ့"

ကျန်တာကတော့ပွဲစားတွေကစားတာပေါ့ အားလုံး‌ပေါင်း ၇၀၀ကျော်တယ်။ လာလုပ်ကြသူတွေကတော့ မြန်မာပြည်ကလာတဲ့သူများတယ် မြဝတီဘက်ကပါတယ် ဒီဘက်မှာရှိသူကတော့ပါတော့ပါတယ်နည်းတယ်))

ထိုင်းမှာ အနေကြာတဲ့သူတွေ ထိုင်းနိုင်ငံမှာမွေးဖွားသူတွေကို ပြုလုပ်ပေးတဲ့လက်မှတ်ကို မြူနီစပါယ်ရုံးက ဝန်ထမ်းတွေက အခကြေးငွေယူပြီးပြုလုပ်ပေးတာကြောင့် ဝန်ထမ်း ၃ ဦးကို ဇွန် လ ၁၈ ရက်နေ့က နေရာပြောင်းရွှေ့လိုက်တယ်လို့ လည်သိရပါတယ်။

ဘန်ကောက်က အထက်အရာရှိတွေရဲ့စစ်ဆေးချက်အရ ၃ လအတွင်း ၁၀ နှစ်ခံလက်မှတ် ပြုလုပ်သူပေါင်း ၇၀၀ကျော် အထိရှိသလို လက်မှတ်ပြုလုပ်ခအဖြစ် ဘတ်ငွေ ၄၀၀၀၀ ကနေ ၁၀၀၀၀၀ အထိပေးဆောင်ရပြီး လက်မှတ်ပြုလုပ်သူတွေထံကနေ ဘတ်ငွေ သန်း၃၀လောက်ရရှိထားတယ်လို့လည်း စစ်ဆေးတွေ့ရှိရ တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံသားများကို ၁၀ နှစ်လက်မှတ်ပြုလုပ်ပေးမှုနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်း အချို့နဲ့ ထိုင်းနိုင်ငံသားများက ခရိုင်အုပ်ချုပ်ရေးမှူးထံတိုင်ကြားခဲ့တာကြောင့် ပါဝင်ပတ်သက်တဲ့တွေကို စတင်စစ်ဆေးမှုတွေပြုလုပ်နေပြီး အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီလိုစစ်ဆေးမူ့ဖြစ်ပြီးတဲ့နောက် ဒီအထောက်အထားလက်မှတ်တွေကိုပယ်ဖျက်သွားဖွယ်ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG