သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ Omicron ပိုးသစ္ေတြ႕သူ ၃ ဦးထက္မနည္းရွိ


Covid test in Thailand (ယခင္မွတ္တမ္းဓါတ္ပုံ)

ထိုင္းႏိုင္ငံမွာ Omicron ပိုးသစ္ေတြ႕သူ ၃ ဦးထက္မနည္းရွိ

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံမွာ ဗီဇေျပာင္း ကိုဗစ္ေရာဂါပုိးအသစ္ omicron ကူးစက္သူ ၂ဦးထပ္တုိးျပီး စုစုေပါင္းကူးစက္သူ ၃ဦးရွိသြားေပမယ့္ စီးပြားေရးလုပ္ငန္းေတြျပန္လည္စတင္လည္ပတ္ေနတဲ့ကာလမို့ ထိုင္းႏိုင္ငံကို ပိတ္ဆိုကန့္သတ္မူ့ေတြလုပ္ဖို့အစီစဥ္မရွိေသးဘူးလို့ ထုိင္းက်န္းမာေရးဒု၀န္ႀကီ Mr. Anutin Charnvirakul ကဆုိပါတယ္။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာ ေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံမွာ ဗီဇေျပာင္း ကိုဗစ္ေရာဂါပုိးအသစ္ omicron ကူးစက္သူ ၂ ဦး ထပ္မံေတြ႕ရွိတယ္လို႔ ဒီဇင္ဘာလ ၈ ရက္ေန႔ မနက္ပိုင္းမွာ ထိုင္းကပ္ေရာဂါထိန္းခ်ဳပ္ေရးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ သူတို႔ ၂ ဦးနဲ႔ဆိုရင္ လက္ရွိ ထိုင္းႏိုင္ငံမွာ အိုမီခ႐ြန္ ကူးစက္ခံထားရသူ ၃ ဦးရွိေနၿပီျဖစ္ပါတယ္။ဒါအျပင္ သံသယရွိသူ လူနာတဦးကိုလည္း ထပ္မံေတြ့ရွိထားပါတယ္ ။ အခုလို ဗီဇေျပာင္း ကိုဗစ္ေရာဂါပုိးအသစ္ omicron ကူးစက္သူေတြတုိးလာေနေပမယ့္ ထုိင္းႏို္င္ငံအေနနဲ့ ႏိုင္ငံမွာပိတ္ဆိုကန့္သတ္တဲ့ Lock down လုပ္တာမ်ိဳးေတြ ထပ္လုပ္အုန္းမွာမဟုတ္ဘူးလို့ က်န္းမာေရးဒု၀န္ႀကီး Mr.Anutin Charnvirakul က ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္ ။

"ဗီဇေျပာင္းကိုဗစ္ေရာဂါပုိးအသစ္ omicronန့ဲ ပတ္သက္လုိ့ လူနာေတြတိုးလာေပမယ့္ lock Down လုပ္ဘို ့ အစီစဥ္မရရွိေသးပါဘူး။ နိုင္ငံမွာစီးပြားေရး လုပ္ငန္းေတြျပန္လည္စတင္တာမႀကာေသးတဲ့အတြက္ ျပည္သူေတြရဲ ့ စီပြားေရး လုပ္ငန္းေတြ ျပည္လည္ပတ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို့အေနနဲ ့ ေရာဂါကို ထိမ္းခ်ဳပ္ကုသနိုင္ဖို့ကုိ သာ ဦးစားေပးလုပ္ေဆာင္မယ္ဆိုတဲ့အေႀကာင္း ထိုင္းဘာသာနဲ့ေျပာဆုိသြားတာပါ"

ဗီဇေျပာင္း ကိုဗစ္ေရာဂါပုိးအသစ္ omicron ရွိတဲ့လူနာအသစ္ေတြ ့ရိွမူနဲ႔ ပတ္သက္လို့ ကုသေရးသိပၸံ ၫြန္ၾကားေရးမႉးခ်ဳပ္ Dr. Supakit Sirilak ကေတာ့ ထိုင္းဘာသာနဲ့အခုလိုေျပာဆုိသြားပါတယ္။

ေလာေလာဆည္စစ္ေဆးခ်က္အရ ၃ဦးေတြ ့ပါတယ္။ ၂ဦးကိုေတာ့အတည္ျပဳႏိုင္ပါတယ္။ ေနာက္တဦးကေတာ့စီစစ္ဆဲျဖစ္ပါတယ္လို့ သူက ေျပာသြားတာပါ

ပထမဆုံးအတည္ျပဳလူနာကေတာ့ စပိန္ကေနေရာက္ရွိလာတဲ့အသက္ 35 ႏွစ္အ႐ြယ္ အေမရိကန္အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း ေနာက္ထပ္ေတြ ့ရွိတဲ့ ၂ဦးကေတာ့ ႏိုင္ဂ်ီးရီးယားႏို္င္ငံကေန ျပန္လာတဲ့ထုိင္းအမ်ိဳးသမီး၂ဦးျဖစ္တယ္လို့ဆုိပါတယ္။

အသက္ ၃၆ ႏွင့္ ၄၆ ႏွစ္ရွိတဲ့ထိုင္းအမ်ိဳးသမီး ၂ ဦးကေတာ့ Omicron ကူးစက္မႈရွိေနတာကိုအတည္ျပဳႏိုင္တယ္လို့လည္းသူကေျပာပါတယ္။

ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံကေန ျပန္လာခဲ့တဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ ထိုင္းအမ်ိဳးသားတစ္ဦးကေတာ့ Omicron ျဖစ္ႏိုင္ေခ်ကို ေတြ႕ရွိခဲ့ေၾကာင္း ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာၾကားခဲ့ေပမယ့္ သူ့ကိုေတာ့စီစစ္ဆဲဆုိတာကိုေျပာဆုိခဲ့ပါတယ္ ။ သူတို့ကိုေတာ့ ေဆးရံုမွာ သီးသန႔္ခြဲထားၿပီး သူတို့နဲ့အနီးကပ္ထိေတြ႕ခဲ့သူမ်ားကို ရွာေဖြေနတယ္လို့လည္း ေျပာဆုိခဲ့ပါတယ္။

Omicron ကူစက္မူ့ေတြကျပည္ပကေန လာတာျဖစ္ျပီး ျပည္တြင္းကေန ကူးစက္တာေတြ မရွိေသးပါဘူးဆိုျပီးေတာ့ ေဒါက္တာ Supakit က ေျပာပါတယ္။ ထိုင္းႏိုင္ငံတြင္းOmicron ကူးစက္မူ့ေတြရွိလာျပီးတဲ့ေနာက္ အာဖရိကႏိုင္ငံေတြထဲကတခ်ိဳ ့ကိုျပည္၀င္ခြင့္ပိတ္ခဲ့သလို့ ထုိင္းျမန္မာနယ္စပ္အပါအ၀င္ နယ္စပ္ေတြကုိလည္း တင္းတင္းႀကပ္ႀကပ္စစ္ေဆးမူေတြ ပုိလုပ္လာျပီး ဖမ္းမိသူေတြကို ကုိဗစ္စစ္ေဆးတာေတြကိုျမန္ျမန္ဆန္ဆန္ပိုလုပ္လာပါတယ္။

ကုိဗစ္ဒုတိယလိွုင္းနဲ့ တတိယလွိုင္းေတြမွာျမန္မာေရႊေျပာင္းအလုပ္သမားေတြ အစုလိုက္အျပံဳလိုက္ကူးစက္မူေတြျဖစ္ခဲ့တဲ့အတြက္ ထုိင္းအစုိးရဟာ တရား၀င္ေကာ တရားမ၀င္ေကာ အေထာက္အထားမဲ့အားလံုးကို ကိုဗစ္ကာကြယ္ေဆးေတြကို ထုိးႏွံေပးေနပါတယ္။

ျမန္မာအလုပ္သမားေတြႀကားမွာလည္း ဗီဇေျပာင္းကုိဗစ္ေရာဂါအသစ္ Omicron နဲ့ပတ္သက္ျပီးစိုးရိမ္မူေတြရွိျပီး အလုပ္ရံုစက္ရံုေတြပိတ္တာေတြ အလုပ္ေတြရပ္နားတာမ်ိဳးေတြ ထပ္ျဖစ္လာမွာကိုပဲ စိုးရိမ္မူေတြရွိေနတာပါ။ ဒီအတြက္ ကာကြယ္ေဆးထိုးခြင့္မရေသးသူေတြဟာ ထိုင္းႏိုင္ငံတြင္းက ပုဂလိက ေဆးရံုေတြမွာလည္း အခေႀကးေငြေပးျပီး ကိုဗစ္ကာကြယ္ေဆးထုိးႏွံတာေတြကုိ လုပ္ေနႀကပါတယ္ရွင္။

...............................

တိုက္႐ိုက္ လင့္ခ္

ထိုင်းနိုင်ငံမှာ Omicron ပိုးသစ်တွေ့သူ ၃ ဦးထက်မနည်းရှိ

{{Unicode}}

ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူ ၂ဦးထပ်တိုးပြီး စုစုပေါင်းကူးစက်သူ ၃ဦးရှိသွားပေမယ့် စီးပွားရေးလုပ်ငန်းတွေပြန်လည်စတင်လည်ပတ်နေတဲ့ကာလမို့ ထိုင်းနိုင်ငံကို ပိတ်ဆိုကန့်သတ်မူ့တွေလုပ်ဖို့အစီစဉ်မရှိသေးဘူးလို့ ထိုင်းကျန်းမာရေးဒုဝန်ကြီ Mr. Anutin Charnvirakul ကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာ ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူ ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းကပ်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ၂ ဦးနဲ့ဆိုရင် လက်ရှိ ထိုင်းနိုင်ငံမှာ အိုမီခရွန် ကူးစက်ခံထားရသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။ဒါအပြင် သံသယရှိသူ လူနာတဦးကိုလည်း ထပ်မံတွေ့ရှိထားပါတယ် ။ အခုလို ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူတွေတိုးလာနေပေမယ့် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံမှာပိတ်ဆိုကန့်သတ်တဲ့ Lock down လုပ်တာမျိုးတွေ ထပ်လုပ်အုန်းမှာမဟုတ်ဘူးလို့ ကျန်းမာရေးဒုဝန်ကြီး Mr.Anutin Charnvirakul က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ် ။

"ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် omicronနဲ့ ပတ်သက်လို့ လူနာတွေတိုးလာပေမယ့် lock Down လုပ်ဘို့ အစီစဉ်မရရှိသေးပါဘူး။ နိုင်ငံမှာစီးပွားရေး လုပ်ငန်းတွေပြန်လည်စတင်တာမကြာသေးတဲ့အတွက် ပြည်သူတွေရဲ့ စီပွားရေး လုပ်ငန်းတွေ ပြည်လည်ပတ်နေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ရောဂါကို ထိမ်းချုပ်ကုသနိုင်ဖို့ကို သာ ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ"

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ရှိတဲ့လူနာအသစ်တွေ့ရှိမူနဲ့ ပတ်သက်လို့ ကုသရေးသိပ္ပံ ညွန်ကြားရေးမှူးချုပ်Dr. Supakit Sirilakကတော့ ထိုင်းဘာသာနဲ့အခုလိုပြောဆိုသွားပါတယ်။

လောလောဆည်စစ်ဆေးချက်အရ ၃ဦးတွေ့ပါတယ်။ ၂ဦးကိုတော့အတည်ပြုနိုင်ပါတယ်။နောက်တဦးကတော့စီစစ်ဆဲဖြစ်ပါတယ်လို့ သူက ပြောသွားတာပါ

ပထမဆုံးအတည်ပြုလူနာကတော့ စပိန်ကနေရောက်ရှိလာတဲ့အသက် 35 နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ထပ်တွေ့ရှိတဲ့ ၂ဦးကတော့ နိုင်ဂျီးရီးယားနိုင်ငံကနေ ပြန်လာတဲ့ထိုင်းအမျိုးသမီး၂ဦးဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၃၆ နှင့် ၄၆ နှစ်ရှိတဲ့ထိုင်းအမျိုးသမီး ၂ ဦးကတော့Omicron ကူးစက်မှုရှိနေတာကိုအတည်ပြုနိုင်တယ်လို့လည်းသူကပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ ပြန်လာခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကတော့ Omicron ဖြစ်နိုင်ချေကို တွေ့ရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပေမယ့် သူ့ကိုတော့စီစစ်ဆဲဆိုတာကိုပြောဆိုခဲ့ပါတယ် ။ သူတို့ကိုတော့ ဆေးရုံမှာ သီးသန့်ခွဲထားပြီး သူတို့နဲ့အနီးကပ်ထိတွေ့ခဲ့သူများကို ရှာဖွေနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Omicron ကူစက်မူ့တွေကပြည်ပကနေ လာတာဖြစ်ပြီး ပြည်တွင်းကနေ ကူးစက်တာတွေ မရှိသေးပါဘူးဆိုပြီးတော့ဒေါက်တာ Supakit က ပြောပါတယ်။ ထိုင်းနိုင်ငံတွင်းOmicron ကူးစက်မူ့တွေရှိလာပြီးတဲ့နောက် အာဖရိကနိုင်ငံတွေထဲကတချို့ကိုပြည်ဝင်ခွင့်ပိတ်ခဲ့သလို့ ထိုင်းမြန်မာနယ်စပ်အပါအဝင် နယ်စပ်တွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးမူတွေ ပိုလုပ်လာပြီး ဖမ်းမိသူတွေကို ကိုဗစ်စစ်ဆေးတာတွေကိုမြန်မြန်ဆန်ဆန်ပိုလုပ်လာပါတယ်။

ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေမှာမြန်မာရွှေပြောင်းအလုပ်သမားတွေ အစုလိုက်အပြုံလိုက်ကူးစက်မူတွေဖြစ်ခဲ့တဲ့အတွက် ထိုင်းအစိုးရဟာ တရားဝင်ကော တရားမဝင်ကော အထောက်အထားမဲ့အားလုံးကို ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံပေးနေပါတယ်။

မြန်မာအလုပ်သမားတွေကြားမှာလည်း ဗီဇပြောင်းကိုဗစ်ရောဂါအသစ် Omicron နဲ့ပတ်သက်ပြီးစိုးရိမ်မူတွေရှိပြီး အလုပ်ရုံစက်ရုံတွေပိတ်တာတွေ အလုပ်တွေရပ်နားတာမျိုးတွေ ထပ်ဖြစ်လာမှာကိုပဲ စိုးရိမ်မူတွေရှိနေတာပါ။ ဒီအတွက် ကာကွယ်ဆေးထိုးခွင့်မရသေးသူတွေဟာ ထိုင်းနိုင်ငံတွင်းက ပုဂလိက ဆေးရုံတွေမှာလည်း အခကြေးငွေပေးပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံတာတွေကို လုပ်နေကြပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG