သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြ အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်နဲ့တွေ့ဆုံ


အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)
အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူတွေ့ဆုံခဲ့ကြောင်း၊ သူတို့ရဲ့ လှုပ်ရှားမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

Suthep Thaugsuban က ဆန္ဒပြသူတွေစုဝေး စခန်းချရာ ဘန်ကောက်မြို့လယ်မှာ သူ့ကိုထောက်ခံသူတွေကို တနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခမှာ ဘက်မလိုက်ဘဲ ကြားနေတယ်လို့ဆိုတဲ့ ထိုင်းစစ်တပ်က အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ အစည်းအဝေးကို လုံခြုံရေး စောင့်ကြည့် ပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ရုံးစိုက်ရာ အစိုးရ ရုံးဝင်းကို ခဲတွေနဲ့ပေါက်ခဲ့လို့ ထိုင်းရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။ လွန်ခဲ့တဲ့အပတ်ကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီတခါ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အစိုးရကတော့ ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG