သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေဖော်ဝါရီ ထိုင်းရွေးကောက်ပွဲ အတိုက်အခံ သပိတ်မှောက်


လာမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကြေညာလိုက်တဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva
လာမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကြေညာလိုက်တဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလကျရင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ကြေညာလိုက်ပါတယ်။

ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိချာချီ၀ (Abhisit Vejjajiva) က ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ပြီးတဲ့နောက် စနေနေ့မှာ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ရေး သေချာစေဖို့ ကြိုးစားတဲ့အနေနဲ့ ဒီလိုဆုံးဖြတ်တာ ဖြစ်တယ်လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲတွေမတိုင်ခင် ဝန်ကြီးချုပ်ယင်းလတ် ရှင်နာဝပ် (Yingluck Shinawatra) နုတ်ထွက်ပြီး ရွေးကောက် တင်မြှောက်ထားတာမဟုတ်တဲ့ ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

နိုင်ငံရေးအခြေအနေတင်းမာနေတာ လျော့သွားစေဖို့အတွက် ဝန်ကြီးချုပ် ယင်းလတ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့လည်း သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူတွေကတော့ အားကောင်းနေဆဲ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ လူထုဆန္ဒပြပွဲကြီး တစ်ခု လုပ်ဖို့ရှိပါတယ်။
XS
SM
MD
LG