သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်က ၀န်ကြီးချုပ်သစ် ရွေးချယ်


ထိုင်းလွှတ်တော်က ၀န်ကြီးချုပ်သစ် ရွေးချယ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီးတဲ့နောက် တလအကြာမှာပဲ ထိုင်းလွှတ်တော်က ထိုင်းရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ်နဲ့ ယင်းလပ်ခ် ရှင်နာဝဒ် (Yingluck Shinawatra) ကို ဒီကနေ့ပဲ ရွေးချယ်လိုက်ပါတယ်။

အောက်လွှတ်တော်က မစ်ယင်းလပ်ခ် ကို ထောက်ခံမဲ ၂၉၆ မဲ ပေးခဲ့ပြီး အမတ် ၁၉၇ ဦးကတော့ မဲမထည့်ဘဲ နေခဲ့ပါတယ်။

ဇွန်လကမှ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ အသက် ၄၄ နှစ်အရွယ် ယင်းလပ်ခ် ဟာ ၂၀၀၆ ခုနှစ်က သွေးထွက်သံယို မဖြစ်ဘဲ စစ်တပ်အာဏာသိမ်းတာ ခံလိုက်ရပြီး ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝဒ် (Thaksin Shinawatra) ရဲ့ ညီမ ဖြစ်ပါတယ်။

ယင်းလပ်ခ် ရှင်နာဝဒ် အနေနဲ့ အာဏာစတင်ရယူနိုင်အောင် ဘူမိဘော အက်ဘ်ဒူရာဒဲ့ဂ်ျ (Bhumibol Adulyadej) ဘုရင်က အခမ်းအနားသပ်သပ်နဲ့ အတည်ပြုပေးရမှာဖြစ်ပြီး ဒီအခမ်းအနားကို ရက်ပိုင်းအတွင်း ကျင်းပလိမ့်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG