သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်


ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် က မြန်မာနိုင်ငံကို ရှေ့သီတင်းပတ်ထဲ သူ သွားရောက်တဲ့အခါမှာ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ့် နှစ်ရက်ကြာ GMS ခေါ် မဟာမဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ ထိပ်သီးညီလာခံကို တက်ရောက်မယ့် သူ့ရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်က ချင်းမိုင်မြို့ကို ရောက်ရှိနေစဉ်အတွင်း ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထူးခြားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့လည်း မှတ်ချက်ချပါတယ်။ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့တဲ့အခါ သဘောထား အမြင်ချင်းဖလှယ်ကြမှာ ဖြစ်တယ်လို့ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်တစ်ဦး အနေနဲ့ ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့်အစီအစဉ်ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongphakdi က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul ကလည်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်ရဲ့ ခရီးစဉ်မှာ လိုက်ပါသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် GMS မဟာမဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီး ညီလာခံကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG