သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ဖျက်သိမ်းကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ


Bangladeshi laborers unload sand from cargo ship in Dhaka.
Bangladeshi laborers unload sand from cargo ship in Dhaka.
ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ ချီ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါက လွှတ်တော်ကို ဒီကနေ့ပဲ ဖျက်သိမ်း လိုက်ပါတယ်။ ဝန်ကြီးချုပ် ယင်းလပ်က လွှတ်တော်ကို ဖျက် သိမ်းပြီး ရှေ့နှစ် ဖေဖော်ဝါရီလလောက်မှာ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပသွားမယ်လို့ ပြောဆို လိုက်တာကြောင့် သူ့အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ဟာလည်း မရေရာတဲ့အနေအထားမှာ ရှိနေတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ရက်ပေါင်း အတော်ကြာ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ ဘက်ပေါင်းစုံက အသံတွေကို နားထောင်ပြီးတဲ့နောက် လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင့်နန်းတော်ကို ခွင့်တောင်းလိုက်တဲ့အကြောင်း ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါက ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို အခုလို အသိပေး ကြေငြာလိုက်တာပါ။

ဝန်ကြီးချုပ်က ဘုရင့်နန်းတော်ကို အခုလို တောင်းဆိုလိုက်တယ်ဆိုတာနဲ့ လွှတ်တော်ဟာလည်း ဒီကနေ့ကစပြီး တရားဝင် ဖျက်သိမ်းလိုက်ပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

လွှတ်တော်ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းအစိုးရကို ဖျက်သိမ်းတာ မဟုတ်တဲ့အတွက် ဝန်ကြီးချုပ် ယင်းလပ် ဦးဆောင်တဲ့ အစိုးရကတော့ တရားဝင် ရှိနေဆဲဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်အနေနဲ့ မကြာခင်မှာ မြန်မာပြည်ကို သွားရောက် လည်ပတ်ဖို့စီစဉ်ထားတာလည်း ရှိနေတာကြောင့် အခုလို ထိုင်းနိုင်ငံရေး အရှုပ်အထွေးတွေ ဖြစ်နေတဲ့အတွက် ဝန်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ဖို့ ဖြစ်နိုင်မယ်မထင်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

"လောလောဆယ် အနေအထားကတော့ သူ မသွားဖြစ်ဘူးထင်တယ်။ ကျနော်ထင်တာပေါ့နော်။ သွားဖြစ်မယ်ဆို ကျနော်တို့သိမှာပေါ့။ ကျနော်တို့ကိုပြောမှာ။ ဒီနေ့ပဲ ၉ ရက်ရှိနေပြီ။ သွားမယ်လို့တော့ အရင်တုန်းက ပြောဖူးတယ်လေ။ ။ ဒါပေမယ့် အခုနောက်ပိုင်း ဘယ်နေ့သွားမယ်လို့ ထပ်ပြောတာမရှိဘူး"

ဝန်ကြီးချုပ်က အစိုးရဖျက်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာ လိုက်ပေမယ့်လည်း ဒီကနေ ဘန်ကောက်မြို့မှာ အတိုက်အခံ အင်အားစုတွေက ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ်လို့ ခန့်မှန်းထားတဲ့ ရှေ့နှစ် ဖေဖော်ဝါရီလ မတိုင်ခင် အထိတော့ လက်ရှိအစိုးရကပဲ အိမ်စောင့်အစိုးရအဖြစ်နဲ့ ဆက်ရှိနေလိမ့်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

"လက်ရှိအစိုးရပဲ ဆက်ပြီး အိမ်စောင့်အစိုးရ အနေနဲ့ ရှိနေမယ်လို့ သုံးသပ်ရတယ်။ လောလောဆယ်ဖြစ်နေတဲ့ အနေအထားကတော့ အတိုက်အခံက သူတို့ People Council လို့ခေါ်တဲ့ ပြည်သူ့ကောင်စီပေါ့ဗျာ သူတို့ အာဏာလွှဲခိုင်းတယ်။ ပြီးတော့မှဟိုပေါ့ ဘုရင်ကြီးကနေမှ ဝန်ကြီးချုပ်တစ်ပါးကို ခန့်ခိုင်းမယ်ပေါ့။ သူတို့ပြောနေတာပေါ့ဗျာ။ ကျနော်တို့ သံတမန်တစ်ယောက်အနေနဲ့ မြင်တာက ဝန်ကြီးချုပ် ပြောတာတော့ သူ့အခြေခံဥပဒေအတိုင်းသွားနေတာလေ။ ပါလီမန်ကို ဖျက်သိမ်းလိုက်မယ်။ ရွေးကောက်ပွဲအသစ်လုပ်မယ် ဆိုတဲ့ဟာမျိုးပြောနေတော့ အခြေခံဥပဒေအတိုင်းသွားနေတာပေါ့။ ဟိုဖက်က ဥပဒေနဲ့မညီတဲ့ ဥပဒေအပြင်ရောက်နေတဲ့ အနေအထားရှိတယ်။ အတိုက်အခံတောင်းဆို တာလေ။ သို့သော် တပ်မတော်က ကြားမှာရှိနေတယ်။ ထိုင်းတပ်မတော်လေ။ ထိုင်းတပ်မတော်က ကြားမှာရှိနေတယ်။ ထိုင်းတပ်မတော်ကလည်း ဥပဒေအတိုင်းသွားနေတာပေါ့ဗျာ။ အဲဒီလေးခုပေါ့။ အခြေအနေလေး လေးခု။ ခြုံလိုက်ရင်တော့ အဲလိုတွေ့ရမှာပေါ့"

မြန်မာသံရုံးကတော့ အခုချိန်မှာ ပုံမှန်လည်ပတ်နေတယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

"ပုံမှန်ဖွင့်တယ်။ ကျနော်တို့ အပြင်မှာပေါ့ တာဝန်မှအပပေါ့။ ခရီးသွားစရာရှိတယ် ဆိုတာမျိုးမှ အပ။ ကျနော်တို့ကတော့ စစ်သံရုံးကတော့။ ဝန်ထမ်းတွေ မိသားစုတွေက ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်နေတာပေါ့။ ပုံမှန်အတိုင်းပါပဲ။ ဒီမနက်တောင်ပဲ ကျနော် သွားသေးတယ်။ ကုန်သွယ်ရေးဝန်ကြီးလေ။ ကျနော်သွားသေးတယ်။ လမ်းကြောင်းရှင်းလို့ပါ။ အသွားကော အပြန်ကော ရှင်းနေတာပဲ။"

ဆိုတော့ထိုင်းအစိုးရ ဝန်ကြီးဌာနတွေကလည်း ပုံမှန်တော့လည်ပါတ်နေတာပေါ့။ လွှတ်တော်ဖျက်သိမ်းလိုက်ပေမယ့်။

"ဟုတ်ကဲ့ခင်ဗျာ။" "ပုံမှန်လည်ပါတ်နေတယ်"

ဝန်ကြီးချုပ် ယင်းလပ်အနေနဲ့ လွှတ်တော်ဖျက်သိမ်းရလောက်တဲ့အထိ အခြေအနေတွေ ဒီကနေ့ ဘာကြောင့် ဆိုးသွားရတာလဲဆိုတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရေး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဦးအောင်သူငြိမ်းကို မေးကြည့်တဲ့အခါ သူက အခုလို သုံးသပ်ပါတယ်။

"အဓိက ကတော့ ဒီအတိုင်းဆက်သွားနေရင် ဒီဘက်က အုပ်စုက ဆက်ပြီးတော့ ဆန္ဒပြနေမယ်။ နောက်တစ်ခါကျတော့ လွှတ်တော်ထဲမှာလည်း ဒီမိုကရက်ပါတီက အမတ် ၂၅၀ကျော် နှုတ်ထွက်သွားတယ် ဆိုတဲ့အခါ အဲဒါ အတော်ရုပ်ပျက်ဆင်းပျက်ကိစ္စပါ။ အဲဒီတော့ တစ်ဖက်ကလည်း လက်ရှိပါတီ ဖွေ့ထိုင်းပါတီပေါ့။ သူတို့က လွှတ်တော်ဖျက်သိမ်းလိုက်တာ သူတို့အတွက် အရှုံးတော့မရှိဘူးပေါ့။ တကယ်လို့ရွေးကောက်ပွဲပြန်လုပ်ရင်လည်း သူတို့ပါတီပဲ အနိုင်ရမယ့် သဘောမျိုးတော့ ရှိပါတယ်"

ကျနော်ကြားတာက ဝန်ကြီးချုပ်ပြောနေသလိုမျိုး ကြားထဲမှာ အိမ်စောင့်အစိုးရ သဘောမျိုးထားပြီးတော့ ရွေးကောက်ပွဲရှေ့နှစ်ဆန်းပိုင်းမှာ ပြန်လုပ်ပေးမယ်ဆိုတော့ သူတို့က လက်မခံဘဲနဲ့ ဘုရင်က နေပြီးတော့ ဝန်ကြီးချုပ်တစ်ဦးကြားထဲက ခန့်သလိုမျိုး အဘီဆစ်ကို ခန့်ခဲ့သလိုမျိုး ခန့်ဖို့အတွက် တောင်းဆိုနေတယ် ဆိုသလားလို့ပါ။ အဲဒါ ဟုတ်ပါသလား။

"ဟုတ်ကဲ့ ခင်ဗျာ။ ဒီလိုပါ။ ထိုင်းနိုင်းငံရေးအခြေအနေက ပြောရမယ်ဆို အုပ်စုပေါ့ဗျာ။ အဝါ နဲ့ အနီ ဆိုပြီး နှစ်ခုကွဲသလို ဖြစ်ပါတယ်။ အဝါဘက်က ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်လိုက်ရင် သူတို့က မဲအများစု ရနိုင်တဲ့ အနေအထားရှိတော့ နောက်တစ်ခါ အစိုးရဆိုရင်လည်း သူတို့ပဲ ပြန်ဖြစ်ဖို့များတယ်။ အဲဒီတော့ ဒီ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အုပ်စုကတော့ သူဖာသာသူ ဘုရင်ကနေပြီးတော့ အစိုးရဖွဲ့ပေးတာမျိုးကို လိုလားပါတယ်။ သူတို့တောင်းဆိုချက်ကလည်း ဒီ ရွေးကောက်ပွဲ အသစ်ပြန်လုပ်ပေးရေးမဟုတ်ပါဘူး။ သူတို့တောင်းဆိုချက်က ဘုရင်ကိုယ်တိုင်ခန့်တဲ့ အစိုးရတစ်ခု ပေါ်လာရေး နောက်တစ်ခုကကျတော့ တပ်ဆင် ရီဗီးပေါ့ဗျာ တပ်ဆင်နဲ့ပါတ်သက်တဲ့ သူ့မိသားစုတွေ နိုင်ငံေရေးလောကက ဖယ်ရှားရေးဆိုတာမျိုးတွေ ဒါ ကြွေးကြော်သံလုပ်ပါတယ်။"

ဒါဆိုရင် ရွေးကောက်ပွဲလုပ်ရင်လည်း ဝန်ကြီးချုပ် ရာထူးယူထားတဲ့ ယင်းလပ်က ဝင်ပြိုင်အုန်းမလား။ အဲဒါဆိုရင်လည်း သူတို့ တောင်းဆိုသလို သက်ဆင် မိသားစုမပါရေး မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။

"ဟုတ်ကဲ့ခင်ဗျ။ အဲလိုကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံ နိုင်ငံရေးက ဒီအုပ်စုနှစ်ခုကြားမှာပဲ တစ်ကျော့ပြီးတစ်ကျော့လည်နေမယ့်သဘောဖြစ်ပါတယ်။ အဲဒီတော့ ခုနကလို ဒီမိုကရက်ပါတီတွေ အာဏာရရင်လည်း ဒီဖက်က အနီအုပ်စုတွေက ထွက်လာပြီး ဆန္ဒပြကြအုန်းမယ်။ ဒီဖက်က ဖွေ့ထိုင်းပါတီအနိုင်ရရင်လည်း ဒီဖက်က မြို့ပေါ်နဲ့ ဒီမိုကရက် အုပ်စုတွေက ဆန္ဒပြကြအုန်းမယ်။ အဲလိုမျိုး သံသရာလည်နေဖို့ များပါတယ်။

ဟုတ်ကဲ့ ဒါဆိုလို့ ရှိရင်တော့ လက်ရှိ အခုအချိန်အထိ ခန့်မှန်းကြည့်ရသလောက် ဆိုရင်တော့ ကြားဖြတ် အစိုးရဖွဲ့ပြီးတော့ နှစ်ဆန်းထဲမှာ ရွေးကောက်ပွဲဖြစ်မယ် ထင်သလား။ ဒါမှမဟုတ်ရင်လည်း အတိုက်အခံတွေတောင်းဆိုနေသလို ဘုရင်ကခန့်တဲ့ ဝန်ကြီးချုပ်များပေါ်လာမလား။ ဘယ်လိုဖြစ်မယ်ထင်သလဲ ကိုအောင်သူ။

"ကျနော်အမြင်ကတော့ အခုအတိုင်းပဲ လက်ရှိအစိုးရကနေ ကြားဖြတ်အစိုးရ အနေနဲ့ လုပ်သွားမယ်လို့ ထင်ပါတယ်။ ဆိုတော့ ဘုရင်ကိုယ်တိုင်က ခန့်ပြီးတော့ ဝန်ကြီးချုပ် တစ်ယောက်ပေါ်လာရအောင်လည်း အချိန်အားဖြင့်လည်း တိုပါတယ်။ ဖော်ဖေဝါရီလဆိုတော့ ၃ လလောက် အတွင်းမှာ ဖြစ်နေတယ်ပေါ့။ အဲတော့ အဲဒီအနေအထားတော့ မရောက်လောက်တော့ဘူး ထင်ပါတယ်ခင်ဗျာ။"

မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ သတိဝီရိယ နဲ့ နေထိုင် သွားလာကြဖို့ မြန်မာ သံရုံးက သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရှေ့နှစ် ဖေဖော်ဝါရီလလောက် မှာ ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ်လို့ ပြောထားပေမယ့်လည်း အတိုက်အခံတွေကတော့ လက်ရှိအစိုးရက ကြားဖြတ်အစိုးရအဖြစ် ဆက်လက် တည်ရှိနေမှာကို မလိုလားတဲ့အတွက် ဘုရင်က ဝန်ကြီးချုပ်တယောက် ခန့်ထားပေးဖို့အတွက် ဆက်လက် တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG