သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးကောင်စီဖွဲ့ဖို့ ထိုင်းဝန်ကြီးချုပ်အဆိုပြု


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပဋိပက္ခတွေ ပြေလည်အောင် ရည်ရွယ်တဲ့အနေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီ ဖွဲ့စည်းဖို့ အဆိုပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်အနေနဲ့ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောကျင်းပပေးဖို့ ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်တွေဟာ သူရာထူးကဆင်းပေးဖို့ တောင်းဆိုနေတဲ့ အတိုက်အခံတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါဘူး။

အခုအဆိုပြုလိုက်တဲ့ ကောင်စီအနေနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပြီး တက်လာမယ့် အစိုးရသစ်နဲ့အတူ လက်တွဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ယင်းလပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အဲဒီကောင်စီဟာ အစိုးရရဲ့ အစိတ်အပိုင်းတခုမဟုတ်ဘဲ အဖွဲ့ဝင်တွေကိုလည်း သီးခြား လွတ်လပ်တဲ့ကော်မရှင်တခုက ရွေးချယ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီအနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေ၊ စီးပွားရေးအရ ပြောင်းလဲမှု ဖြစ်ပေါ်နေတာတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောဆိုနေတဲ့ အတိုက်အခံ ဆန္ဒပြခေါင်းဆောင် Suthep Thaungsuban ဘက်ကတော့ ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်အပေါ် တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
XS
SM
MD
LG