သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် Twitter အကောင့်ကို ၀င်ရောက် နှောင့်ယှက်


ထိုင်းဝန်ကြီးချုပ် Twitter အကောင့်ကို ၀င်ရောက် နှောင့်ယှက်

မကြာခင်က ရွေးကောက် တင်မြှောက်ခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှီန၀ဒ် (Yingluck Shinawatra) ရဲ့ တွီတာ (Twitter) အကောင့်ထဲကို ဟက်ကာ (Hacker) လို့ခေါ်တဲ့ ထိုးဖောက် ၀င်ရောက် နှောက်ယှက်သူတွေက ဖောက်ထွင်း ၀င်ရောက်ပြီး သူ့အစိုးရသစ်အနေနဲ့ လုပ်နိုင်ကိုင်စွမ်းမရှိဘူး၊ နီးစပ်ရာ ဆွေမျိုးသားချင်း ကောင်းစားရေး မူဝါဒကိုပဲ ချမှတ် ကျင့်သုံးနေတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့ မိုးသည်း ရေကြီးမှုတွေကို ယင်းလပ်အစိုးရက တုံ့ပြန်ကိုင်တွယ်ခဲ့ပုံနဲ့ အစိုးရသစ်က ချမှတ်လိုက်တဲ့ တခြား အရေးပါတဲ့ အစိုးရပေါ်လစီတွေအပေါ် အမည်မဖော်လိုတဲ့ အဲဒီဟက်ကာက ၈ ကြိမ်တိုင်တိုင် ဝေဖန် ရေးသားထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရေးထားတဲ့အထဲမှာတော့ ၀န်ကြီးချုပ် ယင်းလပ်အနေနဲ့ သူမရဲ့ တွီတာ အကောင့်ကို တခြားလူတွေ ၀င်ရောက် နှောက်ယှက်တာကို မကာကွယ်နိုင်ရင် တိုင်းပြည်ကို ဘယ်လို ကာကွယ်နိုင်ပါ့မလားဆိုတာ စဉ်းစားကြည့်ကြပါဆိုပြီး အဆုံးသတ်ထားပါတယ်။

အခုလို ၀န်ကြီးချုပ်ရဲ့ တွီတာ အကောင့်ကို ထိုးဖောက် နှောက်ယှက်ခံရတဲ့အပေါ် ထိုင်းအစိုးရ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG