သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်ပိုင်းအတွင်း တရားမဝင်မြန်မာ (၄၀)ခန့် ထိုင်းဖမ်းမိ


Thai police arrests Myanmar undocumented migrants
Thai police arrests Myanmar undocumented migrants

ထိုင်းမြန်မာနယ်စပ် ကော့သောင်းရနောင်းလမ်းကနေ နယ်စပ်ဖြတ်ကျော်တဲ့လက်မှတ်များပြုလုပ်ပြီးတဲ့နောက် ဘန်ကောက်ကို တက်ဖို့ကြိုးစားကြတဲ့မြန်မာ၆ဦးကို ဇွန်လ၂၃ရက်နေ့ကဖမ်းမိပါတယ်။ ဒီရက်ပိုင်းအတွင်း အထောက်အထားမဲ့မြန်မာ၄၀လောက် ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာပါ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ ထိုင်းဘက်ခြမ်းရနောင်းမြို့ကို ဝင်ရောက်လာတဲ့ မြန်မာ ၆ဦးကို ရနောင်းမြို့ စစ်ဆေးရေးဂိတ်ကနေ ဖမ်းမိခဲ့ပါတယ်။ ဘန်ကောက်သွားတဲ့ အဝေးပြေးကားတစီးပေါ် လူကုန်ကူးတဲ့ပွဲစားက တဦးကိုဘတ်ငွေ ၁၃၀၀၀ ယူပြီး တင်ပေးလိုက်တာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးခဲ့တာပါ ။ ဒီအကြောင်းနဲ့ပတ်သက်လို့အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ထိုင်းမှာအလုပ်လုပ်ဖို့အတွက်တနင်္သာရီတိုင်းကော့သောင်းကနေ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ဝင်လာတဲ့ မြန်မာ ၆ဦးဖမ်းမိတာပါ၊ ရနောင်းမြို့ကို ဇွန်လ ၂၃ရက်နေ့က ဝင်လာတယ်၊ သူတို့ကိုလူပွဲစားကနေ ရနောင်းနဲ့ ဘန်ကောက်တက်တဲ့ အဝေးပြေးယဉ်ပေါ်တင်ပေးလိုက်တယ်၊ သူတို့ကတော့ ကားစီးနေရင် းရနောင်းဘန်ကောက်ကာလမ်းမှာပဲဖမ်းမိသွားတယ်။”

သူတို့တွေဟာ ဘန်ကောက်နဲ့စမွတ်ပရာကန်ပြည်နယ်ထဲမှာ အလုပ်လာလုပ်ဖို့လာကြသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။ အလားတူ ဇွန်လ ၂၂ရက်နေ့တုန်းကလည်း အထောက်အထားမဲ့ မြန်မာတချို့ဖမ်းမိခဲ့ပါတယ်။ ဇွန်လ ၂၂နဲ့ ၂၃ နှစ်ရက်အတွင်း လူပွဲစားနှစ်ဦးနဲ့ခိုးဝင်လာတဲ့မြန်မာ ၁၈ ဦး ကိုဖမ်းမိခဲ့တယ်လို့ရနောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝင်ရောက်လာသူအများစုကတော့ အမျိုးသမီးငယ်တွေဖြစ်တာတွေ့ရတယ်လို့ ရနောင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီရက်ထဲမှာပဲ ချင်းမိုင်ပြည်နယ်ထဲမှာ အထောက်အထားမဲ့မြန်မာတွေသယ်လာတဲ့ကားဟာ စစ်ဆေးရေးဂိတ်ရဲ့စစ်ဆေးမူ့ကိုမခံပဲမောင်းပြီးထွက်ပြေးခဲ့တယ်လို့လည်းဆိုပါတယ်။

“ထိုင်းမြောက်ပိုင်းချင်းမိုင်ပြည်နယ်ဟွစ်မြို့နယ်ထဲမှာ ထိုင်းနယ်စပ်က နေတရားမဝင်မြန်မာ ၁၈ဦးတင်လာတဲ့ကားက အာဏာပိုင်တွေ တားဆီးစစ်ဆေးတာ မခံပဲထွက်ပြေးသွားတယ်။ အဲဒီထဲက ၉ဦးကိုဖမ်းမိတယ်။ တခြားသူတွေကတော့ထွက်ပြေးသွားတယ်။ သူတို့ကိုတော့ထိုင်းအာဏာပိုင်တွေကပိုက်စိတ်တိုက်လိုက်ပြီးရှာဖွေနေတယ်။”

ကိုဗစ်ကာလအပြီးထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ်လမ်းတွေပြန်ဖွင့်တာနဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ယာယီ နယ်စပ်ဖြတ်ကျော်ရေး လက်မှတ်တွေလုပ်ပြီးထိုင်းနိုင်ငံထဲကိုနေ့စဉ်ဝင်ရောက်လာနေကြတာပါ။ အများစုဟာ မြန်မာဘက်ခြမ်းကိုမပြန်ကြတော့ပဲ နယ်စပ်ကပွဲစားတွေနဲ့ဆက်သွယ်ပြီး အခုလို လိုင်းကားတွေနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်သွားခဲ့ကြသူတွေရှိသလို လူကုန်ကူးတဲ့ပွဲစားတွေကနေတဆင့် တရားမဝင်လမ်းကြောင်းကနေ ထိုင်းအတွင်းပိုင်းကိုဝင်ရောက်နေကြတဲ့အတွက် ထိုင်းအာဏာပိုင်တွေကပိုက်စိတ်တိုက်ဖမ်းဆီးနေပါတယ်။ အလားတူဒီရက်ပိုင်းမှာပဲ ဘင်္ဂလားဒေရှ့်နိုင်ငံသား၁၉ဦးကလည်း ထိုင်းမလေးနယ်စပ်ကတဆင့် မလေးရှားနိုင်ငံကိုခိုးဝင်ဖို့ ကြိုးစားတာကြောင့် ဆုံခလာပြည်နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG