သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအတိုက်ခံပါတီ ဖျက်သိမ်းခံရ


Thai Raksa Chart ပါတီကိုဖျက်သိမ်း
Thai Raksa Chart ပါတီကိုဖျက်သိမ်း

ထိုင်းတော်ဝင်မင်းသမီး ဥပေါရတနာကို ဝန်ကြီးချုပ် အဖြစ်ရွေးကောက်ပွဲ ဝင်ပြိုင်ရေး အဆိုပြုခဲ့တဲ့ အဓိကအတိုက်အခံပါတီ ကို ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက မနေ့ပဲ ပယ်ဖျက်လိုက်ပါတယ်။

အခုလာမယ့် မတ်လ၂၄ရက်နေ့မှာ ရွေး ကောက်ပွဲတွေ ထိုင်းနိုင်ငံမှာ ကျင်းပတော့မှာမို့ ရွေးကောက်ပွဲမတိုင်ခင် အချိန်၂ပတ်အလိုမှာ Thai Raksa Chart ပါတီကိုဖျက်သိမ်း ဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။ အခုလိုတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် လက်ရှိထိုင်းစစ်အစိုးရနဲ့နီးစပ်တဲ့နိုင်ငံရေးပါ တီတွေအပေါ် အနိုင်ရမယ့်အခွင့်အရေးတွေ Thai Raksa Chart ပါတီအတွက် ဆုံးရှုံးစေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ် က ၂၀၁၄ခုနှစ်ကစပြီး အာဏာသိမ်းအုပ်ချုပ်ခဲ့တာပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ထဲမှာ Thai Raksa Chartပါတီရဲ့ အမှု ဆောင် အဖွဲ့ဝင်တွေကိုနိုင်ငံရေး လုပ်ပိုင်ခွင့်ဆယ်နှစ်လည်း ဖျက်သိမ်းတယ်လို့ဆိုပါတယ်။ ဒီလုပ်ရပ်ကြောင့် မကြာခင် ကျင်းပတော့မယ့်ရွေးကောက်ပွဲတွေဟာ တရားမျှတမှုရှိနိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။

မင်းသမီး ဥပေါရတနာကို ဝန်ကြီးချုပ်အဖြစ်ဝင်အရွေးခံဖို့ Thai Raksa Chartပါတီက ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ရွေးချယ်ခဲ့တာပါ။ အခုလိုရွေးကောက်ပွဲဝင် အရွေးခံမယ့် ကိစ္စဟာ အခြေခံဥပဒေနဲ့လည်းမညွတ်ဘူး၊ သင့်လည်းမသင့်တော်ဘူးဆိုပြီး သူ့ရဲ့ မောင်ဖြစ်သူ ဘုရင် မဟာ ဝဇီရာလောင်ကွန်က ကြေညာပါတယ်။ ဒါပေမဲ့လည်း Thai Raksa Chart ပါတီကတော့ မင်း သမီး ဥပေါရတနာဟာ ၁၉၇၂ ခုနှစ်ကတည်းက နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့လို့ တော်ဝင်မင်းသမီးအဆင့်ကပယ်ဖျက်ခံ ထား ရသူဖြစ်တာကြောင့် နိုင်ငံရေးမှာဝင်ပါနိုင်တယ်လို့ ပြောနေတာပါ။

ထိုင်းအတိုက်ခံပါတီ ဖျက်သိမ်းခံရ
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG