သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ အရေးပေါ် အခြေအနေ အမိန့် ရုပ်သိမ်း


ထိုင်းအစိုးရ အရေးပေါ် အခြေအနေ အမိန့် ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ ၈ လကြာ ကြေညာခဲ့တဲ့ အရေးပေါ် အခြေအနေ အမိန့်ကို ဒီနေ့ အင်္ဂါနေ့ကစပြီး ရုပ်သိမ်းလိုက်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့တော်နဲ့ မြို့တော်ဝန်းကျင်က ခရိုင် ၃ ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလဆန်းတုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူ အနီဝတ်တွေက ဘန်ကောက်မြို့တော်မှာ လူစုလူဝေးနဲ့ သီတင်းပတ်တွေနဲ့ချီပြီး ဆန္ဒပြခဲ့ကြလို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေဟာ ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာတာ တွေ့ရလို့ အရေးပေါ် အခြေအနေ ရုပ်သိမ်းလို့ရပြီ ဆိုတာကို အစိုးရ ၀န်ကြီးအဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောဆိုလိုက်ပါတယ်။

အဲဒီ အရေးပေါ် အမိန့်အရ လူ ၅ ဦးထက် ပိုပြီးစုရင် ဖမ်းဆီးနိုင်သလို လှုံ့ဆော်နေသူလို့ မသင်္ကာရသူကိုလည်း တရားစွဲဆိုခြင်း မရှိဘဲ ရက်ပေါင်း ၃၀ အထိ ချုပ်ထားနိုင်ပါတယ်။

ဒီအမိန့်အရ အစိုးရ ဆန့်ကျင်ရေး ရေးသားမယ့် သတင်းမီဒီယာကိုလည်း နှုတ်ပိတ်ဖို့အတွက် အသုံးချနေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG