သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းလွှတ်တော် ဖျက်သိမ်း


ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းလွှတ်တော် ဖျက်သိမ်း
ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းလွှတ်တော် ဖျက်သိမ်း

ဇူလိုင်လ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ဂျ် (Bhumibol Adulyadej) က လွှတ်တော်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပါတီတွေ ပြင်းပြင်းထန်ထန် မဲဆွယ်စည်းရုံးကြဖို့ စတင်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) နဲ့ အရင်ဝန်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) တို့ရဲ့ နောက်လိုက်တွေကြားမှာ ဒီနှစ် မဲဆွယ်စည်းရုံးရေးက ပြင်းထန်စရာ ရှိတယ်လို့ မျှော်လင့်ထားကြပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံဟာ အထိနာခဲ့ရပြီး ၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲမှာ မစ္စတာ တပ်ခ်ဆင် ပြုတ်သွားခဲ့ကတည်းက နိုင်ငံအတွင်းမှာ အကွဲကြီး ကွဲနေခဲ့ရပါတယ်။ မစ္စတာ တပ်ခ်ဆင်ရဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ခဲ့ပေမဲ့ အစိုးရ ၂ ဆက်လုံးဟာ ဥပဒေ အဆုံးအဖြတ်ကြောင့် ပြုတ်ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ အဘီဆစ်ရဲ့ ဒီမိုကရက် ပါတီဟာ တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အာဏာရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ တပ်ခ်ဆင်ဟာ ကျေးလက်နဲ့ အလုပ်သမား လူတန်းစား အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရရှိနေဆဲပါ။

မစ္စတာ အဘီဆစ်ရဲ့ အစိုးရဟာ အခွင့်ထူးရ လူတန်းစားတွေနဲ့ နီးစပ်လွန်းတယ်လို့ အဲဒီ အခြေခံ လူတန်းစားတွေက မြင်ကြပါတယ်။

XS
SM
MD
LG