သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ရှပ်နီဝတ်တွေ ဆန္ဒပြပွဲ နှစ်ပတ်လည် ဆင်နွှဲ

Afghan police stand guard at the site of a suicide attack in Kabul, May 16, 2013.
Afghan police stand guard at the site of a suicide attack in Kabul, May 16, 2013.

ထိုင်းနိုင်ငံမှာ ရှေ့လာမယ့် ဇူလိုင်လ ၃ ရက်နေ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီတွေ စတင် မှတ်ပုံတင်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံရေးအရ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ နှစ်ပတ်လည်နေ့အဖြစ် လူပေါင်း ထောင်ဂဏန်းချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၁၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲ နှိမ်နင်းတာတွေ မလုပ်ခင် ၂ လကျော်လောက် သိမ်းပိုက်ထားတဲ့ မြို့တော် ဘန်ကောက်ရဲ့ အချက်အချာ နေရာမှာ အင်္ကျီနီဝတ် ဆန္ဒပြသူတွေ ပြန်လည် စုဝေးခဲ့ကြတာပါ။

သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူပေါင်း ၉၀ ကျော် သေဆုံးပြီး ရာဂဏန်းချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆန္ဒပြသူ အများအပြားဟာဆိုရင် ဒီကနေ့ အစောပိုင်းမှာ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီပေါင်း ၂၆ ခုထဲက တခုဖြစ်တဲ့ ပွေထိုင်း (Puea Thai) ပါတီကို ထောက်ခံကြသူတွေပါ။ ရွေးကောက်ပွဲမှာတော့ ပွေထိုင်းပါတီနဲ့ အာဏာရ ဒီမိုကရက် ပါတီတို့ကြား အဓိက ယှဉ်ပြိုင်သွားကြရလိမ့်မယ်လို့လည်း အများက မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်လှုပ်ရှားတဲ့ အနေနဲ့ တာဝန်ကနေ ၂ ရက်ကြာ အနားယူထားတာပါ။

သူ့ရဲ့ အဓိက ယှဉ်ပြိုင်ဘက် အဖြစ်နဲ့ကတော့ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ပွေထိုင်းပါတီ ကိုယ်စားလှယ် ယင်လပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဖြစ်မယ်လို့လည်း မျှော်လင့်ရပါတယ်။

This item is part of
XS
SM
MD
LG