သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်သစ် ပထမဆုံး စည်းဝေးပွဲ ကျင်းပ

ထိုင်းလွှတ်တော်သစ် ပထမဆုံး စည်းဝေးပွဲ ကျင်းပ
ထိုင်းလွှတ်တော်သစ် ပထမဆုံး စည်းဝေးပွဲ ကျင်းပ

ထိုင်းလွှတ်တော်သစ်ကို ဒီနေ့ တနင်္လာနေ့မှာ စတင် ဖွင့်လှစ်လိုက်ပြီး ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မယ့် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) အနေနဲ့ နိုင်ငံတည်ငြိမ်ရေးကို ပြန်လည် ထိန်းသိမ်းပေးနိုင်လိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ ၅ နှစ်ကြာ နိုင်ငံရေး ပဋိပက္ခတွေ ပြေလည်အောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

ထိုင်းလွှတ်တော်အသစ်ကို ထိုင်း အိမ်ရှေ့မင်းသား မဟာ ဝါဂျီရာလောင်ကွန်း (Maha Vajiralongkorn) က ဒီနေ့ ညနေပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမတ်နေရာ ၅၀၀ ရှိတဲ့ ထိုင်းလွှတ်တော်ကနေ မနက်ဖြန် အင်္ဂါနေ့ကစပြီး လွှတ်တော်ဥက္ကဋ္ဌ၊ သဘာပတိကို ရွေးချယ်ကြဖို့ ရှိပါတယ်။ ဝန်ကြီးချုပ် ရွေးချယ်ပွဲကိုတော့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

ယင်လတ် ရှင်နာဝပ်က ညွန့်ပေါင်းဖွဲ့ပြီး အမတ်နေရာ ၆၀% ရအောင် အခိုင်အမာ စုစည်းထားနိုင်တာကြောင့် ဝန်ကြီးချုပ် အရွေးခံရဖို့ သေချာသလောက် ဖြစ်နေပါပြီ။

ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ်စ် ယင်လတ် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီ (Pheu Thai) က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

ဖွေထိုင်းပါတီရဲ့ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် လူကြိုက်များတာကြောင့် ယင်လတ် ရှင်နာဝပ် အနေနဲ့ ထောက်ခံမှုတွေ ရရှိနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတည်ငြိမ်ရေးကို နိုင်နိုင်နင်းနင်း ဆက်ပြီး ထိန်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG