ရှပ်နီဝတ် ဆန္ဒပြသူတွေကို ချေမှုန်းရာမှာ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ထိုင်း အတိုက်အခံ အမတ်တွေက စွပ်စွဲလိုက်ကြပါတယ်။
အစိုးရဟာ အလွန်အကျွံ အင်အား အသုံးပြုခဲ့တယ်လို့ တနင်္လာနေ့မှာ လုပ်ခဲ့တဲ့ အယုံအကြည်မရှိ အဆို အချေအတင် ဆွေးနွေးပွဲမှာ အတိုက်အခံ ပီတီပီပါတီ (Puea Thai Party) က ပြောပါတယ်။ အဲဒီတပ်တွေက ရှပ်နီဝတ် ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာပါ။
၂ လကြာ ဆန္ဒပြပွဲအတွင်း စစ်တပ်က လုပ်ဆောင်ခဲ့တာတွေကို ၀န်ကြီးချုပ် ၀ိတ်ဂျာဂျီဝက ကာကွယ် ပြောဆိုသွားပါတယ်။ ဆန္ဒပြတာနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လူ ၈၈ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး ၁,၈၀၀ ဒဏ်ရာရခဲ့ကြပါတယ်။
အရပ်သားတွေကို ထိခိုက်အောင် အစိုးရက မရည်ရွယ်ဘူးလို့ မစ္စတာ အဘီဆစ်က ပြောပါတယ်။ ထိုင်းစစ်တပ်ကို တိုက်ခိုက်ခဲ့ကြတဲ့ စစ်သွေးကြွ ဆန္ဒပြသူတွေကို သူက အပြစ်တင်သွားခဲ့ပါတယ်။
မစ္စတာ အဘီဆစ်ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ အများစုနေရာ ရရှိထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ မဲခွဲရာမှာ အယုံအကြည်မရှိ အဆို ရှုံးနိမ့်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။