ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ နှောင့်ယှက် ဟန့်တားမှုကြောင့် မဲမပေးနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေ မဲပြန်ပေးဖို့အရေးကို ဧပြီလနှောင်းပိုင်းအထိ ရွှေ့ဆိုင်းထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြန်လည်ပြီး မဲဆန္ဒပေးမှုကို ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ် ဦးဆောင်တဲ့ ယာယီအိမ်စောင့်အစိုးရဟာ အာဏာအကန့်အသတ်နဲ့ နိုင်ငံကို ၂ လခွဲကြာ အုပ်ချုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
လနဲ့ချီကြာမြင့်အောင် ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အဆုံးသတ်သွားစေရေးအတွက် အချိန်တိုအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်က စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကို အတိုက်ခံတွေက သပိတ်မှောက်ခဲ့သလို၊ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲမပေးနိုင်အောင် ပိတ်ဆို့ တားဆီးမှုတွေ လုပ်ခဲ့ပါတယ်။
သူတို့ရဲ့ ဆန္ဒပြမှုကိုလည်း ဆက်လက်ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တယောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
Sonthiyarn Cheunruethainaitham ကို ကြေညာထားတဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ ဥပဒေကို ချိုးဖောက်ခဲ့မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲကပြောပါတယ်။ ဆန္ဒပြခေါင်းဆောင် ၁၉ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်တယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး Tharit Pengdit က ပြောပါတယ်။