သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တော်တော်များများကို ရာထူးကဆင်းပေးဖို့ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongphaisan ကို ယာယီ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးကတော့ ၂၀၁၁ ခုနှစ်မှာတုန်းက အမျိုးသားလုံခြုံရေးဌာန အကြီးအကဲကို ရာထူးပြောင်းရွှေ့ရာမှာ ဝန်ကြီးချုပ်ဟာ နည်းမှန်လမ်းမှန် မလုပ်ခဲ့တဲ့အတွက် ရာထူးကဆင်းပေးဖို့ ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ်လိုက်တာပါ။

“ဝန်ကြီးချုပ်ရာထူးကိုသုံးပြီး သူနဲ့တခြားသူတွေ ကိုယ်ကျိုးစီးပွားအတွက် အစိုးရတာဝန်ရှိသူတဦးကို အပြောင်းအရွှေ့ လုပ်ခဲ့တာဟာ အခြေခံဥပဒေ ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်ခဲ့တယ်။ ဒီအတွက်လည်း တာဝန်တွေ ဆက်လက် ထမ်းဆောင်ခွင့် မရှိတော့တဲ့အကြောင်း တရားသူကြီးက ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။”

တရားရုံးဆုံးဖြတ်ချက်အပြီး ပြုလုပ်တဲ့ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာတော့ သူ့အစိုးရအနေနဲ့ မှန်မှန်ကန်ကန်သာ ဆောင်ရွက်ခဲ့တဲ့အကြောင်း ပြော ဆိုသွားပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာတွေလည်း ပိုမို နက်ရှိုင်းလာပါတယ်။

ဝန်ကြီးချုပ်တွေကို ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က ရွေးချယ်လေ့ရှိပေ မဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ ရွေးကောက်ပွဲတွေ ကြိုတင်ကျင်းပဖို့ တိုက်တွန်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ဝန်ကြီးချုပ်က အောက် လွှတ်တော်ကို ဖျက်သိမ်းထားတာပါ။

ဝန်ကြီးချုပ်ကို ထောက်ခံသူတွေကတော့ တရားရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ယင်းလတ်ကို ရာထူးက ဖယ်ရှားခဲ့ရင် ဆန္ဒပြ ကန့်ကွက်မယ်လို့လည်း ခြိမ်းခြောက်ထားတဲ့အတွက် နိုင်ငံရေးအရ သွေးထွက်သံယို ပဋိပက္ခတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။
XS
SM
MD
LG