သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဟောင်းကို ထိုင်းစစ်တပ်ဖမ်း


ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရပ်ဖို့ စစ်တပ်အကြီးအကဲရဲ့ သတိပေးချက်ကို အာခံပြီး ဘန်ကောက်မြို့မှာ ရာနဲ့ချီတဲ့လူအုပ်တွေ စုဝေးခဲ့ကြပါတယ်။

တနင်္လာနေ့ညနေခင်းပိုင်းက ပြည်သူဆန္ဒပြသူတွေဟာ နဖူးစီးစာတမ်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ အော်ဟစ်ရင်း ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ နိုင်ငံရေးမှာ ထိုင်းစစ်တပ်ဝင်ရောက်စွက်ဖက်မှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြတာပါ။

စစ်တပ်ရဲ့ခြိမ်းခြောက်မှုကို မကြောက်လို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြနေရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။ စစ်အာဏာသိမ်းမှုကို တရားမဝင်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တဲ့ ပညာရေးဝန်ကြီးဟောင်း Chaturon Chaisang ကိုလည်း ဝေဖန်ပြီး မိနစ်ပိုင်းအကြာမှာပဲ နိုင်ငံခြားသတင်းထောက်တွေရှေ့မှောက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အကြီးတန်းအရာရှိ အတော်များများလည်းပဲ ထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မဖြစ်ပွားခင် အစောပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီရဲ့ အကြီးအကဲ တာဝန်ယူဖို့ ဘုရင်ကိုယ်တိုင်က သူ့ကို ထောက်ခံထားတာဖြစ်တဲ့အကြောင်း ပြောကြားခဲ့တာပါ။

တကယ်လို့ ဆန္ဒပြပွဲတွေ တဖန် ပြန်ပြီး ထကြွလာမယ်ဆိုရင် အင်အားသုံး ဖြေရှင်းဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG